Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-10-22 09:08:58
23 October 2026 Friday

29th Week in Ordinary Time

Luke 12: 54 - 59

Reflection by Sr. Carmella, SCCG ( Sisters of Charity)

Posted by Sr. Maria Ni Ni, MSP

 

Reading the real meaning of times  

ခောတ်ကာလနေရာဒေသ အခြေအနေနဲ့လိုက်လျောညီထွေစွာ သာသနာပြုဖို့ ဒီကနေ့ သမ္မာကျမ်းစာကဖိတ်ခေါ်ထားပါတယ်။သဘဝတရားတို့ရဲ့ လုပ်ဆောင်မှု နဲ့ ဖြစ်ပျက်ခြင်းတွေ ကြုံတွေ့ရတဲ့အခါ တို့တတွေတုန်လှုပ်ကြတယ်။စိုးရိမ်ကျတယ်။ကမ္ဘာပျက်‌တော့မလား။ဘုရားသခင်ဒဏ်ခတ်နေတာလား။စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ ဒို့တတွေ စိုးရိမ်ပြီးပြောပေမယ့် အသက်တာပြောင်းလဲခြင်းဆီကို ခရီးမရောက်ခဲ့ကြဘူး။ အဆင်ပြေရာ၊ နေသားကျရာဘဝဟောင်းမှာပဲ  ဆက်လက်နေထိုင်နေမိကြတယ်။ ဒီအဖြစ်ပျက်ကနေပါလာတဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သတင်းစကားကို နားစွင့်ဖို့ ရှာဖွေဖို့ မေ့လျော့ပျက်ကွက်နေမိတတ်တယ်။ ငလျင်လုပ်ခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်းတွေကနေ ဘုရားသခင်က အပြစ်သားတွေကို သုတ်သင်ရှင်းလင်းနေတာ မဟုတ်သလို သင်ဘဝကို အမည်းကနေ အဖြူထည်အဖြစ်လို့ ချက်ချင်းပြောင်းလဲ ဖို့ အတင်းအကြပ် ခြောက်လန့်တောင်းဆိုနေတာလဲ မဟုတ်ပါဘူး။ဒီကနေ့ကျမ်းစာတွေထဲမှာ သူ့အသံကိုကြားဖို့၊အလိုတော်ကိုတွေ့မြင်ဖို့နဲ့သူ့ကိုသစ္စာရှိစွာဆက်လက်ယုံကြည်အားကိုး အစေခံ ဖို့ဖြစ်ပါတယ်။ အဖြစ်အပျက်တိုင်းမှာ ဘုရားကိုရှာရင်း ယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ချစ်လေးမြတ်နိုးခြင်းတို့ ဆက်လက်ရှင်သန်တိုးတက်ရန် ကျေးဇူးခွန်အားများတောင်းခံသွားကြပါစို့။ငါရေငတ်သောအချိန်၊ ငါ အဝတ်မရှိသောအချိန် ၊ ငါအကျဉ်းချခံရချိန် ။ငါ ဖျားနာချိန်စသောဘုရားသခင်ရဲ့မေးခွန်းစရွက်ကာ အကောင်းဆုံးဖြေဆိုနိုင်ဖို့ နေ့စဉ်နဲ့အမျှ အသက်ရှင်ခြင်းထဲမှာ ကိုယ်တော်နဲ့နီးကပ်စွာ လျှောက်လှမ်းကြပါစို့

Daily Reflection