22 October 2026 Thursday
29th Week in Ordinary Time
Luke 12: 39 - 53
Reflection by Sr. Carmella, SCCG ( Sisters of Charity )
Posted by Sr. Maria Ni Ni, MSP
{မတူညီခြင်းတွေမှာ ဘုရားကိုရှာ}
“စည်းလုံးခြင်းအတွက်မဟုတ်ကွဲပြားစေခြင်းငှါငါလာ၏”လို့ ခရစ်တော်ဆိုတဲ့စကားဟာ အားရကြည်နူးစရာစကားတခွန်း မဟုတ်တာအမှန်ပါ။ဒါပေမယ့် ဒီကနေ့သမ္မာကျမ်းစာကိုသေချာထောက်ရှုဆင်ခြင်ကြည့်ရင် ဒီစကားရဲ့နောက်ကွယ်က နက်ရှိုင်းတဲ့ဘုရားသခင်ရဲ့ လူသားတို့အတွက်ထားတဲ့စီမံကိန်းကိုတွေ့မြင်နိုင်ပါတယ်။ထူးခြားဆန်းကျယ်သော ပြောင်းလဲခြင်းတွေပါဝင်နိုင်ပါတယ်။ ယောဟန်အပါအဝင် ပရောဖက်တော်တော်များများရဲ့ ယေဇူးကြွလာခြင်းအတွက်ပြင်ဆင်ခြင်းမှာ အခက်အခဲ ပြသနာ နဲ့ ဆန့်ကျင်မှုတွေ မျိုးမျိုးကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ ဘုရားရဲ့တပါးတည်းသော သားတော်ကိုစေလွတ်တဲ့အခါမှာတောင် ပို၍ဆိုးသောဆန့်ကျင်ခြင်းရှုတ်ချခြင်း လက်မခံဝေဖန်ခြင်းအပြင် အရှက်တကွဲ ကားစင်တင် အသေသတ်ခြင်းကိုခံခဲ့ရတယ်။ ကောင်းခြင်းမှန်ခြင်း၊ မြတ်ခြင်းတွေကိုလုပ်ဆောင်တဲ့အခါမှာ လွယ်ကူနေမှာမဟုတ်ကြောင်း ပြောပြနေတာဖြစ်တယ်။ အခက်ခဲရှိမှ လူဟာရင့်ကျက်လာနိုင်မယ်။ ဆန့်ကျင်ဘက်ရှိမှ လူဟာတိုးတက်ကောင်းမွန်လာနိုင်မယ်။ မတူညီနိုင်ခြင်းတိုင်း “ရန်သူ” ဖြစ်ဖို့မဟုတ်ပါပဲ ထူးခြားကွဲပြားစွာ တည်ရှိနေတတ်တဲ့ “လှပခြင်းနဲ့ တန်ဖိုးကိုယ်စီ”ကို ရှာဖွေတွေ့ရှိလျှက် ခရစ်တော်သခင်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းထဲမှာ တတ်အားသရွေ့ ကူညီအားဖြည့်နိုင်ကြဖို့ အတူကြိုးစားကြပါစို့