11 October 2026
28th Sunday in Ordinary Time
Matthew 22: 1 - 14
Reflection by Sr. Rita Akhai, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
ဘုရားသခင်နိုင်ငံတော်ကို လာရောက်ဖို့ဖိတ်ခေါခံရတဲ့ပထမဧည့်သည်တွေက သူတို့ရဲ့စီးပွားရေးကိစ္စတွေနဲ့ သာဗျာများနေကြတယ် ဘုရားသခင်ရဲ့ဖိတ်ခေါ်သံကိုကြားနာရပေမယ့် လျစ်လျူရှူပြီး လောကအရာတွေကိုသာပိုမို ဦးစားပေးကြတဲ့သူတွေ နောက်ဧည့်သည်တဦးကတော့ မင်္ဂလာဆောင်အဝတ်အစားဝတ်ဆင်မလာခဲ့ခြင်းကို ရည်ညွန်းတယ်အပြစ်တွက်နောင်တရခြင်း၊ ယုံကြည်ခြင်းနဲ့ချစ်ခြင်းဆိုတဲ့ဝတ်စုံကိုဆင်မြန်းရမှာဖြစ်တယ်။ ကျေးဇူးတော်ကအခမဲ့ဆိုပေမဲ့တုံ့ပြန်မှုကိုလိုလားတယ်။ ဖိတ်ခေါခြင်းကိုလက်ခံရုံမဟုတ် ခရစ်တော်၌ ပြောင်းလဲခြင်း အသစ်တဖန်ဖြစ်ခြင်းဆိုတဲ့ အသက်ဝတ်ရုံကိုပါ ဆန္ဒရှိရှိဝတ်ဆင်ရပါမယ် ဒါမှသာဘုရားပေးကျေးဇူးတော်ကိုစုံလျှင်စွာ လက်ခံနိုင်သူတွေဖြစ်လာကြမှာပါ။