13 October 2026 Tuesday
28th Week in Ordinary Time
Luke 11: 37 - 41
Reflection by Sr. Rita Akhai, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
ပေးကမ်းစွန့်ကြဲခြင်းက အရာရာတိုင်းကို စင်ကြယ်စေမယ်လို့ ခရစ်တော်သခင်မိန့်တော်မူတယ်ဆိုတာ စစ်မှန်တဲ့စင်ကြယ်ခြင်းက ကိုယ်ခန္ဓာကိုဆေးကြောသန့်စင်ခြင်းမဟုတ်ဘဲ သနားကရုဏာထားပြီးရက်ရောစွာ ပေးကမ်းခြင်းကနေ ဖြစ်တည်လာတာဖြစ်တယ် မိမိတို့ရဲ့မရိုးသားမှုနဲ့ ဟန်ဆောင်ခြင်းတွေကိုခွာချပြီး အတွင်းစိတ်နှလုံးသားပြောင်းလဲကြဖို့ ဘုရားသခင်အလိုရှိတယ် ဘုရားရဲ့ချစ်ခြင်းနဲ့ကရုဏာမေတ္တာကိုလက်တွေ့ဘဝမှာ အကောင်ထည်ဖော်နိုင်မှသာ အတွင်းစိတ်နှလုံးသားဖြူစင်သူတွေဖြစ်လာနိုင်ကြမှာပါ။