20 October 2026 Tuesday
29th Week in Ordinary Time
Luke 12; 35 -38
Reflection by Sr. Aye Win, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
ခရစ်ယန်တဉီးစီ၏အသက်တာဟာ အစဉ်အမြဲနိုးကြားတက်ကြွပြီး၊အစဉ်သင့်အနေအထားမှာရှိနေဖို့ဖိတ်ခေါ်ခြင်းခံကြရတယ်ဆိုဒါကိုသတိရစေပါတယ်။ ဒီလိုကျင့်ဆောက် တည်သူတွေ ရမဲ့ဆုလဒ်ကသူတို့ရဲ့သခင်ကိုယ်တိုင် စားပွဲမှာပြန်လည်ပြုစုပေးမယ်ဆိုတဲ့အရာဘဲဖြစ်တယ်။တနည်းအားဖြင့်ဘုရားရှင်ဟာကျမတို့ရဲ့ဘဝမှာသူ့နဲ့ဆက်သွယ်မူ အမြဲမပြတ်ရှိနေဖို့၊ ကိုယ်စိတ်နှလုံးသုံးပါးနဲ့ သူ့အလိုလျှေက်လှမ်းအသက်ရှင်ဖို့၊ အလိုတော်ရှိနေပါတယ်။ ရဟန္တာ ဘာတိုလိုမေးယာက “ကျမဒီနေ့ ကိုယ်တော်ဘုရား အပေါ်မိနစ်၂၀ စိတ်ပျံလွင့်မိခဲ့ပါတယ်” လို့ သူမရဲ့ဝိညာဉ်ရေး ဒိုင်ယာရီထဲမှာ ဖော်ပြ ထားတယ်လို့ဆိုပါတယ်။ ကျမတို့တဉီးစီလည်း ဘုရားမျက်နှာရှာတတ်တဲ့သား သမီး ကောင်းများ ဖြစ်နိုင်ဖို့ကြိုးစားကြပါစို့။