19 October 2026 Monday
29th Week in Ordinary Time
Luke 12; 13 - 21
Reflection by Sr. Lucy Aye Win, Sisters of Charity ( SCCG )
Posted by Sr. Maria Ni Ni, MSP
“သို့သော်ဘုရားသခင်က အသင်လူမိုက်ဤည၌ပင်သင်၏ဝိညာဉ်ကို သင့်ထံမှပြန်တောင်းလိမ့်မည်” လို့ ကြားရတဲ့စကားအားဖြင့် လူမိုက်သူဌေးကြီးကိုမြင်ယောင်ရင်း မိမိကိုယ်ကို ပြန်လည်သုံးသပ်စဉ်ချင်မိခဲ့တယ်။ နေ့စဉ်ရှင်သန်တဲ့ဘဝမှာ မိမိရဲ့ အပြောအဆို၊ အကြံအစည်၊ အတွေးအတော၊ ပြုမူဆောင်ရွက်ချက်တွေဟာ ကောင်းသယောင်ယောင်ထင်ရပေမဲ့ အတ္တ၊လောဘနဲ့ပရဟိတ၊ ဘုရားနဲ့ ကိုယ့်ဘဝ၊ သင်ခါရနဲ့ထာဝရ အစဉ်ခွဲခြားအသက်ရှင်နိုင်ဖို့ အရေးကြီးကြောင်း သိလာရတယ်။ ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ အသက်တာမှာ ရရှိခံစားခဲ့တဲ့ကျေးဇူးတော်တွေကိုရေတွက်ရင်း ဘုရားအတွက်၊ အများအတွက်၊ မိမိသန့်ရှင်းခြင်းအတွက်၊ အကျိုးရှိရှိအသုံးပြုနိုင်ဖို့ ကြိုးစားရှင်သန်ကြပါစို့။