8 October 2026 Thursday
27th Week in Ordinary Time
Luke 11: 5 - 13
Reflection by Sr. Christine Shwe, Sisters of Charity (SCCG)
Posted by Sr. Maria Ni Ni, MSP
ယနေ့ပထမကျန်းတွင် ရှင်ပေါလုကကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မိမိ၏ကြိုးစားအားထုတ်မှုအပေါ်တွင်မူတည်သည်ထက်ဘုရားရှင်၏သစ္စာတော်နှင့် ကတိတော်ပြည့်ဝမှုအပေါ်တွင် လုံးလုံးလျားယုံကြည်မှု ရှိစေလိုသည်။ ဧဝံဂေလိကျမ်း၌လည်း ယေဇူးကဆုတောင်းခြင်းပြုလျှင် ဘုရားရှင်၌ လုံးဝဉသပုံ ယုံကြည်ပြီး ဇွဲရှိရှိနှင့် ဆုတောင်းရန် အရေးကြီးကြောင်းသင်ပြပေးနေသည် ဘုရားရှင်ထံအကြွင်းမဲ့ယုံကြည်ခြင်းဖြင့် တောင်းပါ ရှာပါ ခေါက်ပါ ဘုရားရှင် ကအဖြေပေးမည်အမှန်ပါ။ ယေဇူးပြောသောပုံဉပမာတွင် အချိန်မတော် ညဉ့်နက် သန်းခေါင် လာရောက်တောင်းခံသူ အား အိမ်ရှင်က အကြောင်းပြ ငြင်းဆန်လိုစိတ် တိတ်တဆိတ်ရှိသောလည်း မိတ်ဆွေ ဖြစ်ခြင်းကြောင့် လိုအပ်ရာကို ထ၍ပေးတတ်သကဲ့သို့ ဘုရားရှင်ဘက်က အလုံးစုံသိမြင်နေပြီး ကျွန်ုပ်တို့၏ တိုးဝင်တောင်းလျှောက်ခြင်းကို အမြဲနားထောင် ဖြည့်စွက်ပေးစမြဲ ဖြစ်ပါသည်။ အချို့သော တောင်းလျှောက်ခြင်းများအတွင် အဖြေကို လျင်မြန်စွာ ရတတ်သောလည်း အချို့ကိုမူ အချိန်ယူဖြေပေးတတ်သည် မိမိဘက်က မစောင့်နိုင် ဆုတောင်းခြင်းကိုစွန့်လွတ်လို သည်ထိ စိတ်အစဉ်ခံစားရသော်လည်း ဘုရားရှင်ကမူ စဉ်ဆက်မပြတ် နားထောင်အဖြေပေးလျက်ရှိပါသည် အချိန် တစ်ခုမရောက်သေး၍ ဖြစ်ကောင်းဖြစ်မည် (သို့မဟုတ်)ဘုရားရှင်၏နည်းလမ်းသည်မိမိ၏နည်းလမ်းနှင့်ထပ်တူမကျဖြစ်နေသောကြောင့်သာနှေင့်နှေးခြင်းဖြစ်မည်ကျွန်ုပ်တို့၏ကောင်းကျိုးကိုအမြဲရှေ့ရှုနေသောကိုယ်တော်၏အလိုတော်ကိုသာဦးထိပ်ထားပြီးမိမိဘက်က ကိုယ်တော်၌ ယုံကြည်အားကိုးကာ ဆက်လက်တိုးဝင်ချဉ်းကပ်ရန်သာလိုအပ် ပါသည်။ လောကဖခင် များသည်ပင် မိမိတို့သားသမီးများအတွက် ကောင်းရာကိုသာကြိုးစားရှာဖွေပေးတတ်ကြ၏ အားလုံး၏ဖခင် မေတ္တာတော်ရှင်၏အကြင်နာမေတ္တာပြည့်ဝသော ကတိစကားများက စိတ်ချယုံကြည်အားကိုးရာများ ဖြစ်သောကြောင့် သားသမီးတိုင်း ယုံကြည်အားကိုးခြင်းဖြင့် တိုးဝင်ကြရန် ကိုယ်တော်သင်ပြ ပေးနေပါသည်။