Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-01 06:54:30

2.5.2024 - 5th week Thursday of Eastertide

မေလ ၂  ရက်  ၊ ၂ ၀၂၄၊ ပါစကားကာလ ပဥ္စမပတ် ‌ကြာသပတေးနေ့၊

ရှင်ယောဟန်...၁၅း၉-၁၁-  John 15:9-11

Reflection by Brother John Theresan O.P    

Posted by Sr. Benedetta Myat Hnin Nwe,ISR

 ထောက်ရှုချက်......တစ်နေ့တော့ အီသီယိုးပီးယားမှာ မာသာရ်ထရေးဇာက ဂေဟာတစ်ခုဖွင့်ချင်တဲ့အခါ အရာရှိတွေက သူ့ကို‌မေးခွန်းများစွာမေးကြပါတယ်။ အဲဒီမေးခွန်းများထဲကတစ်ခုကတော့အီသီယိုးပီးယားအစိုးရထံမှ ခင်ဗျားဘာတွေကို မျှော်လင့်ထားပါသလဲ....?ကျွန်မဘာမှ မမျှော်လင့်ပါဘူး၊ ထိုနိုင်ငံမှာရှိနေတဲ့ ဒုက္ခဝေဒနာခံစားနေရတဲ့သူတွေကို အစေခံဖို့ ကျွန်မရဲ့သီလရှင်တွေကို ခန့်ထားချင်တာ အဲ့ဒီအတွက် ခွင့်ပြုချက်တစ်ခုတည်းသာ ကျွန်မလိုချင် တာပါ.....ခင်ဗျားသီလရှင်တွေရဲ့ အရည်အချင်းတွေကဘာတွေလဲ...? အရာရှိတစ်ယောက်ကမေးတော့ကျွန်မသီလရှင်တွေရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ အကြင်နာတရားတွေ ရှိနေပါတယ်။ သူတို့က အဲ့ဒီချစ်ခြင်းတွေနဲ့ အကြင်နာတရားတွေကို ဒုက္ခသည်တွေနဲ့ ဆင်းရဲသားများ အတွက် အသုံပြုနိုင်ပါတယ်.....ဒါဆို ခင်ဗျားသီလရှင်တွေက အီသီယိုးပီးယားမှာ ဘာလုပ်ကြမလဲ...? သူတို့တွေကတော့ မိမိတို့ရဲ့အနက်ရှိုင်းဆုံးသော နှလုံးသားထဲကနေပြီး အဆင်းရဲတကာ့ အဆင်းရဲဆုံးသူတွေကို အခကြေးငွေမယူဘဲ အစေခံကြပါလိမ့်မယ်.....လူတွေကိုကော သင့်ရဲ့ ဘာသာတရားထဲသွတ်သွင်းမလား...?ဘယ်တော့မှအဲ့ဒီလိုမလုပ်ရပါဘူး။ ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာအစေခံတဲ့ အစေခံလုပ်ငန်းက နေတစ်ဆင့် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သူတို့တွေခံစားထိတွေ့လာအောင် ကျွန်မတို့ကြိုးစားရ မှာပါ။ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့ရဲ့ ခရစ်ယာန်ဘာသာတရားရဲ့ ဖွင့်ပြမှုတစ်ခုဖြစ်ပါတယ်.....။ဘဝ၏ အနက်ရှိုင်းဆုံး ပျော်ရွှင်မှုနှင့် ကျေနပ်နှစ်သက်မှုတို့သည် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာနှင့် အချစ်မေတ္တာကိုခံယူရရှိခြင်းနှင့် သက်ဆိုင်ပါသည်။သားသမီးအပေါ်မှာထားရှိ သော မိဘတွေရဲ့ ချစ်ခြင်မေတ္တာဟာ ထာဝရတည်မြဲသော ချစ်ခြင်းမေတ္တာဖြစ်ပါသည်။သူငယ်ချင်း များ၏ ချစ်ခြင်းမေတ္တာသည် ခိုင်ခံ့မြဲမြံသည်။ အချစ်သည် ကျွန်ုပ်တို့အား အခြားသူများအတွက် အစေခံစေသည်၊ အချစ်သည် အခြားသူများအတွက် သူ့ဘာသာသူ ကုန်ဆုံးစေသည်။ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ ကျွန်ုပ်တို့ပြုလိုသော ကောင်းမှုများအတွက် နိုးဆော်ပေးသည့် စွမ်းအားတစ်ခုအဖြစ် အမြဲရပ်တည်နေပါသည်။ အဲဒါကို သခင်ခရစ်တော်ကသိပြီး ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွင်မှုကို ကျွန်ုပ်တို့အားသင်ပြပေးနေပါတယ်။ ဆုတောင်းခြင်းသည် မေတ္တာတရားကို တိုးပွားစေပြီး ဘုရားသခင်၏ လက်ဆောင်များထဲမှ အကြီးမြတ်ဆုံးသောချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းပေးနေပါသည်။

 

 

 

 

 

 

Daily Reflection
2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR