Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-05 06:38:05

6.3.2024 – Wednesday of the 3rd week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၆ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - ဗုဒ္ဓဟူးနေ့
Matthew 5: 17-19 - ရှင်မာတေးဦး ၅း၁၇-၁၉
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကိုပယ်ဖျက်ခြင်းငှာငါလာသည်ဟုမထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာမဟုတ်၊ပြီးပြည့်စုံစေခြင်းငှာငါလာသတည်း။ မည်သူမဆို ပညတ်တော်များကို ကိုယ်တိုင်ကျင့်၍အခြားသူတို့အားလည်းကျင့်ရန် သွန်သင်လျှင်ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ကြီးမြတ်သောသူဟုအခေါ် ခံရလိမ့်မည်။ ရှင်မာသေဦး ၅:၁၇,၁၉#ထောက်ရှုချက်ဆရာကောင်းဟူသည် ဖယောင်းတိုင်ကဲ့သို့ မိမိကိုယ်ကိုလောင်စွမ်းခံပြီး အများတွက်အလင်းပေးသည်။ Mustafa Kemal Atatark“ပြီးပြည့်စုံခြင်းငှါ ငါလာသည်”တနည်း ဖြိုဖျက်ခြင်းငှါ ငါလာသည်မဟုတ် တည်ဆောက်ခြင်းငှါငါလာသည် ဟုလူဘုံအလယ်တွင်ရဲ့ဝံ့ပြတ်သားစွာ ကြွေးကြော်ခဲ့သော သခင်ယေဇူးသည် ထိုစကားတခွန်းတွက် ဘဝတစ်ခုလုံးနှင့်ရင်း၍ တောင်ထိပ်၌ နာကျင်ကြေကွဲစွာ“အိုအဖ အဘယ်ကြောင့် ကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း”ဟု အော်ဟစ်ငိုကြွေးအသက်စွန့်ပြီး အသေခံသွား၏။ ဧကန်စင်စစ်ဝိညာဉ်တော်တန်ခိုးဖြင့် အမှန်တရား၊ ချစ်ခြင်းနှင့်ပြည့်ဝသော ခရစ်တော်အသက်တာသည် ဟောင်းသောအရာကိုအသစ်နှင့်ပြီးပြည့်စုံစေခဲ့သည်။ ပြိုပျက်သောအရာကို အသစ်တည်ဆောက်နိုင်ခဲ့သည်။ခရစ်တော်နောက်လိုက်သူ ဆေးကြောခြင်းခံသူတိုင်းတွက် ရယူလိုစိတ် အတ္တကင်းစွာ တစ်ပါးသူတွက် ဘဝလောင်စွမ်းခံအလင်းပေးနိုင်ဖို့တွက် နှိမ့်ချစွာ ခရစ်တော်၌ လျှောက်လှမ်းလျက်ဝိညာဉ်တော်အလင်းအောက်မှာ လူ့ပကတိမဟုတ်ဘုရားဇာတိ၌ ချစ်ခြင်းပြည့်ဝစွာ ရှင်သန်ရမည်ဖြစ်သည်။

Daily Reflection