Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-03-04 08:36:39

5.3.2024 – Tuesday of the 3rd week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၅ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - အင်္ဂါနေ့
Matthew 18: 21-35 ရှင်မာတေးဦး ၁၈း၂၁-၃၅
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ထိုအခါ ပေတရုသည် အထံတော်သို့ ချဉ်းကပ်၍ သခင်ဘုရား၊တပည့်တော်၏ညီအစ်ကိုသည် တပည့်တော်ကိုပြစ်မှားလျှင်သူ၏အပြစ် ကိုအကြိမ်မည်မျှခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လောဟုမေးလျှောက်လေ၏။ ယေဇူးကခုနစ်ကြိမ်တိုင်အောင်မဟုတ်၊အကြိမ်ခုနစ်ဆယ်ခုနစ်လီတိုင်အောင်ခွင့်လွှတ်ရမည်ဟုသင့်အားငါဆို၏။ တဖန်သင်တို့သည်လည်းမိမိညီအစ်ကိုတို့၏အပြစ်ကိုအတွင်းစိတ်မှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဖသည်လည်း သင်တို့အသီးသီးကို ထိုနည်းတူ စီရင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်မာသေဦး ၁၈:၂၁-၂၂,၃၅#ထောက်ရှု့ချက်တကယ်တော့ ခွင့်လွတ်ခြင်းဟူသည်ဟောရလွယ်သလောက် ကျင့်ရခက်သည်။ ရိုက်နက်လိုက်သော သံမှိုတချောင်းပြန်ဆွဲနုတ်ပြီးဖြစ်သော်လည်းအပေါက်ဟူသောစိတ်ဒဏ်ရာကျန်လေရာ သင်ခွင့်လွတ်သော်ထိုစိတ်ဒဏ်ရာကို ဘုရားကကုစားပေးမည် ဖြစ်သည်။ ခွင့်လွတ်ခြင်းသည် ကျေးဇူးတော်၊ကောင်းကြီးတော်စီးဆင်းရန်နှင့်မိမိကိုယ်မိမိအကျဉ်းထောင်မှလွတ်မြောက်စေဖြင့်ကိုယ်၊စိတ်၊ဝိညာဉ် ကျန်းမာစေသည်။“ခွင့်လွတ်သူနှင့် ခွင့်လွတ်ခြင်းခံရသူတို့၏အခြေခံဆုံမှတ်ကိုဂုဏ်သိက္ခာ”ဟုခေါ်သည်။ Pope John Paul II

Daily Reflection