24 May 2026 Pentecost Sunday
John 20: 19 -23
Reflection by Sr. Assumpta Kayah Mel, ZSLF
Posted By Sr. Maria Ni Ni, MSP
သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွသောပွဲ(Pentecost)တနင်္ဂနွေနေ့မှာ-သခင်ခရစ်တော်က သူရဲ့တပည့်တော်တွေကို ပထမဆုံး ထင်ရှားပြခဲ့တဲ့နေ့ တစ်နေ့ဖြစ်တယ်။ တပည့်တော်တွေကစိုးရိမ်ကြောက်ကြတဲ့ စိတ်တွေရှိပြီးသူတို့ စုဝေးနေတဲ့နေရာမှာတံခါးတွေကို ပိတ်ထားနေကြတဲ့အချိန် သခင်ခရစ်တော်က သူတို့ရဲ့အလယ်မှာရပ်ပြီး "သင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေ" ဟုနှုတ်ဆက် လိုက်တယ်။ သခင်ခရစ်တော်ရဲ့လက်နဲ့နံဘေးတော်ကိုလည်း သူတို့ကိုပြပေးတဲ့ အခါသူတို့အားလုံးကဝမ်းမြောက်ကြပြီးခွန်အားသစ်တွေရရှိကြတယ်။အဓိပ္ပါယ် က စိုးရိမ်ကြောက်ကြခြင်းမရှိဖို့၊ သခင်ခရစ်တော်က သူတို့နဲ့အမြဲရှိကြောင်းဖော်ပြ ခြင်းလည်းဖြစ်တယ်။ ဆက်လက်ပြီးသခင်ခရစ်တော်က ခမည်းတော်ငါ့ကိုစေ လွှတ်သလို ငါလဲသင်တို့ကိုစေလွှတ်တယ် "ဝိညာဉ်တော်မြတ်ကိုခံယူကြလော့" ဆိုပြီး သူတို့အပေါ်မှာမူတော်မူတယ်။ ဝိညာဉ်တော်ကို စေလွှတ်ပေးပြီး၊ အခွင့်အာဏာကိုလည်းသခင်ခရစ်တော်သူတို့ကိုပေးထားတယ်။ဆိုလိုချင်တာက ဝိညာဉ်တော်နဲ့ပေါင်းစပ်ရင်း၊ အလိုတော်ကိုဆောင်ရွက်ရင်း၊ သက်သေခံဖို့ဖြစ် တယ်။ယုံကြည်သူ ကျွန်ုပ်တို့လည်း ခရစ္စမားအားပေးခြင်းစက္ကရမင်တူးကို ခံယူ ကြတဲ့အခါဆရာတော်ကကျွန်ုပ်တို့အပေါ်လက်တင်ပြီး"ဝိညာဉ်တော်မြတ်ကိုခံယူကြလော့"ဟုဆိုပြီးမှုတ်တော်မူတယ်။ခရစ္စမားအားပေးခြင်းခံယူချိန်မှစပြီးကျွန်ုပ်တို့ဟာဝိညာဉ်တော်နဲ့ပြည့်ဝကြပြီး သခင်ခရစ်တော်ရဲ့ စစ်သူရဲများဖြစ်လာကြ တယ်။ဘုရားသခင်ကို သက်သေခံဖို့ သေလွှတ်ခြင်းခံကြရတယ်။ ဒါကြောင့် စေလွှတ်ခြင်းကိုခံကြရတဲ့ကျွန်ုပ်တို့ကဝိညာဉ်တော်နဲ့ပြည့်ဝကြတဲ့အတွက်စိုးရိမ်ကြောက်ကြခြင်းမရှိပဲ၊သခင်ခရစ်တော်က ကျွန်ုပ်တို့နဲ့အတူ အမြဲရှိကြောင်း အမှတ်ရရင်း ဝိညာဉ်တော်ဘုရားနဲ့ ပေါင်းစပ်ပြီး ရဲဝံ့စွာသက်သေခံကြပါစို့။