Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-04-24 00:23:39

24 April 2026

Third Week of Easter Friday

Reflection by Celeste, MSP

Posted by Sr. Maria NI Ni, MSP

ဒီနေ့ဧဝံဂလိကျမ်းစာတော်မြတ်၏ သတင်းစကားမှာ ၁/ ခရစ်တော်ကိုယ်တိုင်က အသက်မုန့်ဖြစ်ကြောင်း၊ ထိုမုန့်ကိုစားသောသူသည် ထာဝရအသက်ရှင်မည်ဖြစ်ကြောင်း ထပ်ခါတလည်သတိပေးနေပါတယ်။ ထပ်ခါထပ်ခါပြောသောစကားများသည် အလွန်အရေးကြီးတယ်ဆိုတာဖော်ပြနေခြင်းပါ။ ဤကဲ့သို့ပြောနေခြင်းက ကျွန်ုပ်တို့အား ထာဝရအသက်ကို ရစေလို၍ နှလုံးသားမှလာသောမေတ္တာစကားပါပဲ။ ဒီအတွက် ထာဝရအသက်ရရှိရန် နေ့စဥ်မစ္ဆားတရား၌ပါဝင်ခြင်းအားဖြင့် အသက်မုန့်ဖြစ်သောကိုယ်တော့်၏အသားတော်ကို ယုံကြည်ခြင်းဖြင့်ပင့်ယူစားသောကြရန် ခရစ်တော်က အလေးအနက်တိုက်တွန်းနိုးဆော်နေခြင်းပါ။ ခရစ်​တော်ပေးသောထာဝရအသက်ကိုသင်အမှန်တကယ်လိုချင်ပါကနေ့စဥ် မစ္ဆားတရားကိုပါဝင်ပြီး ကိုယ်တော်မြတ်ကို ယုံကြည်လေးမြတ်ခြင်းဖြင့် ပင့်ယူရမှာပါ။

၂/  ငါသည် ခမည်းတော်အားဖြင့်အသက်ရှင်၏။ငါ့ကိုစားသောသူသည်လည်းငါ့အားဖြင့်အသက်ရှင်လိမ့်မည်။ဟုမိန်မြွက်တော်မူသောစကားအားဖြင့်ကျွန်ုပ်တို့သည်ခရစ်တော် ၏အသားတော်ကို ပင့်ယူစားသုံးမှသာအသက်ရှင်ခြင်းချမ်းသာရရှိမှဖြစ်သလို၊ တစ်နည်းအားဖြင့် ခမည်းတော်၌ အသက်ရှင်နိုင်မယ်ဆိုတဲ့အချက်ကိုမီးမောင်းထိုးပြသလို၊ တစ်ခြားတစ်ဘက်မှာလည်း လောကမှာ သွေးသားတော်စပ်မှုကို သိချင်တဲ့အခါ ထိုသူတွေရဲ့သွေးကို ရေထဲမှာထည့်လိုက်တဲ့အခါ သွေးက ရောနှောမသွားပဲ သီးသန်းဆီဖြစ်နေပါက ဆွေမျိုးတော်စပ်ခြင်းမရှိကြောင်းသိရှိနိုင်တယ်၊ ဒီလိုမှမဟုတ် ထိုသူတို့ရဲ့သွေးကရောနှောသွားတယ် / ပေါင်းစပ်သွားပါက သူတို့တွေဟာ ဆွေမျိုးတော်စပ်နေကြောင်းသိနိုင်ပါတယ်။ ဒီလိုပါပဲ ခမည်းတော်ဘုရား၌အသက်ရှင်ရန်၊ ခမည်းတော်ရဲ့သားသမီးအဖြစ်တော်စပ်မှုရှိရန်၊ ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၊ ခရစ်တော်သခင်၏ အသက်ပေးမုန့်တော်ကို ပင်ယူစားသုံးမှသာ ခမည်းတော်နဲ့ တစ်လုံးတစ်ဝတည်းဖြစ်လာနိုင်မယ် / ခမည်းတော်၏ သားသမီးများအဖြစ်ဆွေမျိုးတော်စပ်လာနိုင်မှာဖြစ်ကြောင်း ခရစ်တော်က ကျွန်ုပ်တို့လူသားတွေကို ထာဝရအသက်ရှင်ခြင်းကိုပေးနိုင်သော ကိုယ်တော်၏အသားတော် ကိုယ်တော်မြတ်မုန့်တော်ပင့်ယူစားသုံးကြရန် မေတ္တာတရားဖြင့် ဖိတ်ခေါ်နေတာကို အစဥ်အမြဲ နှလုံးပိုက်ကာ နာယူ၊ ပင့်ယူနိုင်သူများဖြစ်ရန်ကြိုးသားကြပါစို့။ 

 

 

Daily Reflection