27 April 2026
Fourth Week of Easter Monday
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ကောင်းသောသိုးထိန်းဖြစ်တော်မူသော ခရစ်တော်ဘုရားက သိုး/ ကျွန်ုပ်တို့ တစ်ဦးစီအားသိတော်မူသောကြောင့် ကာကွယ်၊ လမ်းညွှန်၊ ကရုစိုက်ပေးတယ်။ သိုးတွေရှေ့မှ ဦးဆောင်သွားတယ်ဆိုတာက ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခြင်းပါ။ ဒီအချက်တွေအားဖြင့် သိုးထိန်းနေရာယူနေကြသော မိဘ၊ ဆရာသမား၊ ခေါင်းဆောင် ဆိုသောသူတို့မှာ သိုးတွေကို ကာကွယ်ပေးရန်၊ရပ်တည်ပေးရန်၊ လမ်းမှန်ရောက်အောင် ရှေ့ကနေ ထိန်းကျောင်းပေးရမယ်ဆိုသောအချက်ကို သတိပေးနေခြင်းပါ။
ခရစ်တော်ဘုရားက အသက်ပေးကာ တစ်ဦးစီအား ကာကွယ်ပေးသလို၊ ဘယ်သောအခါမှလည်း စွန့်ပစ်သွားမှာမဟုတ်။
ကျွန်ပ်တို့လူသားတွေက ခေါင်းဆောင်နေရာ၊ သိုးထိန်းနေရာ ယူထားကြသော်ငြားလည်း ခေါင်းဆောင်ကောင်း/ သိုးထိန်းကောင်းတို့ရှိအပ်သောစိတ်နေသဘောထားတွေ မရှိသလောက် ရှားပါးနေသောအချက်ကို ပြန်၍ သတိမူကာ ကိုယ်တော်လိုလားသော ကောင်းသေားသိုးထိန်းတို့ရဲ့စိတ်ထားမျိုးရှိကြရန် နိုးဆော်နေခြင်းပါ။ ဒီအတွက်ကြောင့် ကျွန်ုပ်တို့အား မှန်ရာသို့ လမ်းပြဦးဆောင် ကာကွယ် ကရုစိုက်ပေးတော်မူသောခရစ်တော်၊ ပျက်ဆီးခြင်းလမ်း အန္တရာယ်လမ်းထဲမကျရောက်ရန် ရှေ့မှလမ်းရှင်းကာ အတူလျှောက်လှမ်းပေးသောခရစ်တော်ဘုရားကို ပြည့်ဝသော ယုံကြည်ခြင်းဖြင့် ခိုလှုံချဥ်ကပ်သွားကြပါစို့။