Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-05-21 06:27:10

22 May 2026

Seventh Week of Easter Friday

John 21: 15 - 19

Reflection by Sr. Assumpta Kayah Mel, ZSLF

Posted by Sr. Maria Ni Ni, MSP

 

သတ္တမကြိမ်မြောက်ပါစကားသီတင်းပါတ်ရဲ့သောကြာနေ့မှာ-"သခင် ခရစ်တော်က‌ပေတရုကိုယောန၏သားစီမွန်ငါ့ကိုချစ်သလော"ဆိုပြီးသုံး ကြိမ်တိုင်တိုင်မေးတယ်။ "ပေတရုကလည်း ကိုယ့်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူပါ၏"ဆိုမှ ပြန်ဖြေတယ်။ "သခင်ခရစ်တော်ကလည်း ငါ၏သိုးများကို ကျွေးမွေးကြလော့" ဆိုပြီး တာဝန်ပေးတယ်။ နောက်ဆုံး တတိယအကြိမ်မေးတဲ့အခါမှာပေတရုကဝမ်းနည်းတဲ့စိတ်နဲ့ချစ်ကြောင်းကိုပြန်ဖြေခဲ့တယ်။  သခင်ခရစ်တော်က သုံးကြိမ်တိုင်တိုင်မေးတယ်ဆိုတာက ပေတရုဆီကလေးနက်တဲ့အဖြေကိုရရှိလိုခြင်းနဲ့စမ်းသပ်လိုခြင်းပဲဖြစ်တယ် "ငါ၏သိုးများကိုထိန်းသိမ်းစောင့်ရှောက်လော"ဟုဆိုခြင်းမှာသခင် ခရစ်တော်က ပေတရုကို  လေးနက်တဲ့ တာဝန် ပိုပေးအပ်ခြင်းပဲဖြစ်တယ်။ နောက်ဆုံးတော့ "ငါ့နောက်သို့လိုက်လော" ဟုဆိုပြီး သခင်ခရစ်တော်က ပေတရုကိုဖိတ်ခေါ်တယ်။ဆိုလိုချင်တာကသခင်ခရစ်တော်ရဲ့သိုးတွေဖြစ်တဲ့လောကသားတွေကို ကျွေးမွေး၊စောင့်ရှောက်တဲ့အခါ သခင်ခရစ်တော်ရဲ့ စိတ်ဓာတ်ကိုဝတ်ဆင်ပြီး၊သခင်ခရစ်တော်ရဲ့လမ်းစဉ်အတိုင်းလိုက်လျှောက် ပြီးပေးဆပ်၊အစေခံဖို့ဖြစ်တယ်။ထိုနည်းတူပဲသခင်ခရစ်တော်ကကျွန်ုပ်တို့အားလုံးကို"ငါ့နောက်သို့လိုက်လော့"ဆိုပြီးဖိတ်ခေါ်နေပါတယ်။ဒါကြောင့်ကျွန်ုပ်တို့အားလုံးသခင်ခရစ်တော်ရဲ့ စိတ်ဓာတ်ကိုဝတ်ဆင်ပြီး၊ လိုအပ်တဲ့  ခွန်အားကျေးဇူးတွေကို ဘုရားသခင်ထံတောင်းခံရင်း နောက်တော်သို့ လိုက်ကြပါစို့။

 

Daily Reflection