23 May 2026
Seventh Week of Easter Saturday
John 21: 20 - 25
Reflection by Sr. Assumota Kayah Mel, ZSLF
Posted by Sr. Maria Ni Ni, MSP
သတ္တမကြိမ်မြောက်ပါစကားသီတင်းပတ်ရဲ့စနေနေ့မှာ-ပေတရုက သခင် ခရစ်တော်ရဲ့ နောက်တော်သို့ လိုက်ရင်းနဲ့ နောက်ကိုလှည့်ကြည့် လိုက်တဲ့အခါမှာ ယေဇူးချစ်တဲ့တပည့်တော်တစ်ဦးက လိုက်ပါလာတာကို မြင်ရတယ်။ ဒီတပည့်တော်ကညစာစားပွဲမှာ သခင်ယေဇူးရဲ့ရင်ခွင်ကိုမှီပြီး "သခင်ဘုရား၊ကိုယ်တော့်ကိုအပ်နှံမည့်သူသည်မည်သူဖြစ်သနည်း"ဆိုပြီးမေးခဲ့ဖူးတဲ့သူဖြစ်တယ်။ဒါကြောင့်ပေတရုကဒီလူကိုမြင်တာနဲ့သူကဘယ်လိုဖြစ်နိုင်မလဲဆိုပြီး လူကိုဆုံးဖြတ်သီရင်တဲ့ စိတ်နဲ့သခင်ယေဇူးကိုမေးတယ်။ သခင်ယေဇူးကလည်း ငါကြွလာတဲ့အထိ သူ့ကိုအသက်ရှင်စေဖို့ ငါအလို ရှိရင်လည်း သင်နဲ့မဆိုင်ဘူး။ ငါ့နောက်ကိုလိုက်ပါဆိုမှ ပြောလိုက်တယ်။ ဆိုလိုချင်တာက သခင်ခရစ်တော်ရဲ့ နောက်တော်သို့လိုက်တဲ့အခါမှာ အတ္တ စိတ်တွေ၊မာနစိတ်တွေ ၊မနာလိုစိတ်တွေ၊ တစ်ပါးသူကို စီရင်ဆုံးဖြတ်တဲ့ စိတ်တွေ၊မသန့်ရှင်းတဲ့ အတွေးအခေါ်တွေ မရှိရဘူး။ သန့်ရှင်းမြင့်မြတ်တဲ့ စိတ်နဲ့နောက်တော်ကိုလိုက်ရမယ်လို့ဆိုလိုတာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့လည်း သန့်ရှင်း ၊ဖြူစင်၊ မြင့်မြတ်တဲ့ စိတ်နှလုံးနဲ့ သခင်ခရစ်တော်ရဲ့ နောက်တော်သို့ လိုက်ကြစို့။