21 May 2026
Seventh Week of Easter Thursday
John 17: 20 -26
Reflection by Sr. Assumpta Kayah Mel, ZSLF
Posted by Sr. Maria Ni Ni, MSP
သတ္တမကြိမ်မြောက်ပါစကားသီတင်းပတ်ရဲ့ကြာသပတေးနေ့မှာ-အဖ ခမည်းတော်ဘုရားနဲ့သားတော်ဘုရားတို့ကတစ်လုံးတစ်ဝတည်းရှိကြတဲ့အကြောင်းနဲ့လောကသားများအားလုံးအဖခမည်းတော်ဘုရားအကြောင်းကိုသိရှိစေရန်၊ခမည်းတော်ဘုရားကသားတော်ဘုရားကို လောကသို့ စေလွှတ် လိုက်ခြင်းဖြစ်တယ်။ ဆိုလိုချင်တာက အဖခမည်းတော်ဘုရားကို သားတော် ဘုရားတစ်ပါးတည်းသိတာမျိုးမဟုတ်ပဲ၊ လောကသားများအားလုံးလဲသိရှိ စေဖို့သခင်ခရစ်တော်ကလောကကို ဆင်းကြွလာတာဖြစ်တယ်။ဒါကြောင့် ကျွန်ုပ်တို့အားလုံးလဲသခင်ခရစ်တော်နဲ့တစ်လုံးတစ်ဝတည်းရှိကြပြီး၊ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ထင်ရှားစေရန် အသက်ရှင်ကြစို့။