25 April 2026
Third Week of Easter Saturday
Reflection by Celeste MSP
Posted by Sr. Maria Ni Ni, MSP
ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားက မာရီယာမာဒလေနာ၊ ဧမောက်သို့ခရီူပြုကြသောတပည့်တော်နှစ်ပါး၊ တပည့်တော်ကြီး (၁၂)ပါးတို့ကိုထင်ရှားပြပြီးနောက်၊ မိုးကောင်းကင်သို့တက်ကြွမည့်အကြောင်း နောက်ဆုံးထင်ရှားပြခြင်းကို ဒီနေ့ကျမ်းစာတော်မြတ်မှာဖော်ညွန်းနေခြင်းပါ။ ကမ္ဘာအရပ်ရပ်သို့ဧဝံဂလိသတင်းကောင်း/ တစ်နည်းအားဖြင့် ကိုယ်တော့်အကြောင်းကို ဟောပြောပြီး ဘဝနဲ့သက်သေခံရန် တပည့်တော်ကြီးတွေကို တာဝန်ပေးလိုက်တာပါ။ တပည့်တော်တွေကလည်း ကိုယ်တော်ပေးသောတာဝန်ကို သစ္စာရှိစွာ ဟောပြော၊ သက်သေခံခဲ့ခြင်းကြောင့် ဒီနေ့ဒီအချိန်အထိ အသင်းတော်ကြီးက တည်တံ့နေခြင်းမှာ တပည့်တော်များရဲ့ ကိုယ်တော်အပေါ်ထားသော သစ္စာတည်ကြည်မှုနှင့် ကိုယ်တော်ဘုရား သူတို့ထံသို့ ဝိညာဥ်တော်ဘုရားကိုစေလွတ်ပေးကာ လမ်းပြဦးဆောင်ခြင်းကြောင့်လည်းဖြစ်တယ်။
ဒီ့အတွက် ဒီနေ့ကျမ်းရဲ့သတင်းစကားမှာ ကိုယ်တော်အေပါ် ယုံကြည်ခြင်းဖြင့်သစ္စာတည်ကြည်သူတွေဖြစ်နေပါက ကျွန်ပ်တို့နဲ့အတူ ဝိညာဥ်တော်အစဥ်အမြဲရှိကာ လမ်းပြဦးဆောင်ပေးမယ်ဆိုသောအချက်ပါပဲ။ ကျွန်ုပ်တို့အားဖြင် ကိုယ်တော်ရဲ့သတင်းကောင်းကိုဝေမျှသက်သေခံရန် အတွက် ကိုယ်တော်ကကျွန်ုပ်တို့တစ်ဦးစီအား တောင်းခံနေခြင်းပါ။ ကိုယ်တော်ဘုရား၏ တောင်းဆိုသံကို ရင်ဝယ်နှလုံးပိုက်ကာ ဝိညာဥ်တော်၏ ဦးဆောင်လမ်းပြမှုဖြင့် ဘဝနဲ့ဝေမျှသက်သေခံနိုင်သူများဖြစ်ရန်ကျေးဇူးတော်တောင်းခံကာ၊ ကြိုးစားတည်ဆောက်သွားကြပါစို့။