Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-05-11 22:28:14

12 May 2026 

Sixth Week of Easter Wednesday

John 16: 5 - 11

Reflection by Sr. Assumpta Kayah Mel, ZSLF

Posted by Sr. Maria Ni Ni, MSP

 

 ဆဌမအကြိမ်မြောက်ပါစကား သီတင်းပတ်ရဲ့ အင်္ဂါနေ့ မှာ-“သခင် ခရစ်တော် ကသူရဲ့တပည့်တော်တွေကိုအားပေးစကားတွေနဲ့ဝိညာဉ်တော် စေလွှတ်ပေးမယ့်အကြောင်း”ကိုကြိုတင်အသိပေးခြင်းပဲဖြစ်တယ်။ သခင် ခရစ်တော်က” အဖခမည်းတော်ဆီက သင်တို့ဆီသို့ ငါစေလွှတ်ပေးမယ့် ဝိညာဉ်တော်က ငါ့အကြောင်းကိုသက်သေခံဟောပြောလိမ့်မယ်”ဆိုပြီး သူရဲ့တပည့်တော်တွေအားလုံးကို မိန့်ကြားထားတယ်။ ဆိုလိုချင်တာက တပည့်တော်တွေအပေါ်မှာ ဝိညာဉ်တော်ကို စေလွှတ်ပေးတဲ့အခါ တပည့် တော်တွေက ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်နဲ့ပြည့်ဝကြတဲ့အတွက် သခင် ခရစ်တော်ကိုရဲဝဲ့စွာသက်သေခံနိုင်ကြမှာဖြစ်တယ်။သခင်ခရစ်တော်ရဲ့ တပည့်တော်တွေဖြစ်ကြတဲ့ကျွန်ုပ်တို့လည်းသခင်ခရစ်တော်အကြောင်းကိုသမ္မာတရားတော်နဲ့ရဲ့ဝံ့စွာ သက်သေခံနိုင်ရန်အတွက် ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်နဲ့ပြည့်ဝစေဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံ အလင်း ကျေးဇူးနှင့်ခွန်အားသတ္တိများ တောင်းခံကြပါစို့။

 

 

Daily Reflection