21 April 2026
Third Week of Easter Tuesday
John 6: 30 -35
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ကျွန်ပ်တို့ရှာဖွေသောအရာတွေကမည့်သည့်အရာတွေဖြစ်နေပါသလဲဆိုတာ မိမိကိုယ်ကို မေးဘူးပါသလား။ကျွန်ုပ်တို့ရှာဖွေနေသောအရာတွေက ကျွန်ုပ်တို့အတွက်လိုအပ်သောအရာထက် လိုချင်သောအရာတွေဖြစ်နေမိလား။ "ငါသည်အသက်မုန့်ဖြစ်သည် ငါ့ထံသို့လာသောသူသည်နောက်တဖန်ဆာမွတ်ခြင်းမရှိရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန် ရေမငတ်ရ။"ဟု မိန့်မြွက်တော်မူသောအသက်ပေးနုတ်ကပတ်တော်အားဖြင့်ဝိညာဥ်ရေးအသက်တာရှင်သန်ကြီးထွားလာရန်ကိုယ်တော်ပေးသောအသက်မုန့် ( ကိုယ်တော်မြတ် )၊ အသက်စမ်းရေ ( နုတ်ကပတ်တော် ကျမ်းစာတော် ) က ကျွန်ပ်တို့အတွက်မည်မျှအရေးကြီးကြောင်း ခရစ်တော်က အသာပေး၍ မီးမောင်းထိုးပြနေခြင်းပါ။ ခန္ဓာကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာ၊ အဟာရတွေ ဖြည့်ဆွက်ပေးရသလိုဝိညာဥ်ကျန်းမာသန်စွမ်းမှသာလျင် စိတ်သဘောထားတွေကလည်း ကောင်းမွန်ပြီး၊ မွန်မြတ်သောစိတ်နေသဘောထားတွေ ပိုင်ဆိုင်နိုင်ဖို့၊ ပါရမီလမ်းကြောင်းလျှောက်လှမ်းနိုင်ရန်အတွက် ဝိညာဥ်ရေးအသက်တာ ရှင်သန်နိုင်ဖို့ရန် ကိုယ်တော်ပေးသော အသက်မုန့်တော် ကို ယုံကြည်ခြင်းဖြင့် ပင့်ယူခြငိးနှင့်အသက်စမ်းရေဖြစ်သော ကိုယ်တော်ရဲ့နုတ်တော်ထွက်စကားတော်ကို နည်းနာယူကာ လိုက်ကျင့်ပါက ဘယ်သောအခါမှ ဆာမွတ်ခြင်းနဲ့ရေငတ်ခြင်း ရှိလာမှာမဟုတ်ဘူးလို့ ကိုယ်တော်ရဲ့ ခိုင်မာသောကတိတော်အားဖြင့် ကိုယ်တော်က ကျွန်ပ်တို့တစ်ဦးစီအား မည်မျှတန်ဖိုးထားသလဲ၊ မည်မျှချစ်မြတ်နိုးတော်မူသလဲဆိုတာ ကိုယ်တော်ရဲ့ကောင်းမြတ်ခြင်းကို ပြန်လည်သုံးသပ်ကြပြီး၊ ကျွန်ုပ်တို့ရှာဖွေနေသောအရာတွေက ဝိညာဥ်အတွက် အားဖြည့်၊ ခွန်အားပေးသောအစာတွေ ဖြစ်နေပြီလား။