Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-29 07:12:18

1.3.2024 – Friday of the 2nd week of Lent
၂၀၂၄ ခုနှစ်  မတ်လ၊ ၁ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - သောကြာနေ့
Matthew 21:33-43,45-46 - ရှင်မာတေးဦး ၂၁း၃၃-၄၃,၄၅-၄၆
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

မြေပိုင်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ ခြံဝင်းကာရံပြီးလျှင် စပျစ်သီးဆွတ်ခူးချိန်နီးလာသောအခါ အစေခံများကို သီးစားလုပ်သူတို့ထံသို့စေလွှတ်လိုက်၏။ ထိုအခါသီးစားလုပ်သူတို့သည်ထိုအစေခံများကိုဖမ်းပြီးလျှင်တစ်ဦးကိုရိုက်ကြပြီးတစ်ဦးကိုသတ်ကာနောက်တစ်ဦးကို ကျောက်ခဲနှင့် ပစ်ပေါက်ကြ၏။တစ်ဖန်သူသည် ယခင်ထက် အရေ အတွက်ပိုများသောအစေခံတို့ ကို စေလွှတ်ပြန်လျှင် သီးစားလုပ်သူတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ နောက်ဆုံး၌မူ သူတို့သည် ငါ၏သားကို လေးစားကြလိမ့်မည်ဟုဆို၍ မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။ သို့သော်သီးစားလုပ်သူတို့သည်သားဖြစ်သူကိုမြင်ကြလျှင် ဤသူသည်အမွေခံသားဖြစ်၏။ လာကြ၊သူ့ကိုသတ်၍ သူ၏အမွေကိုယူကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြလေ၏။ ထို့နောက် သူတို့သည်သူ့ကိုဖမ်းပြီးလျှင် ဥယျာဉ်အပြင်သို့ ထုတ်၍သတ်ပစ်ကြ၏။ရှင်မာသေဦး ၂၁:၃၃-၃၉ယနေ့ပထမကျမ်းတွင် ဂျိုးဇက်က သူ၏ညီအစ်ကိုများရောင်းစားခြင်းခံစားရကြောင်းဖော်ပြသည်။“Rejection” ဆိုတဲ့“အပယ်ခံခြင်း”သည် လူတစ်ဦးစီအတွက်ရိုက်ချက်ပြင်းသောစိတ်ခံစားခြင်းဖြစ်သည်။အပယ်ခံခြင်းအမျိုးမျိုးမှမိသားစု၊ချစ်သူ၊ မိတ်ဆွေရင်းချာများအပယ်ခံခြင်းသည် အဆိုးရွားဆုံးသော၊ ခံရခက်ဆုံးသော ဝေဒနာဖြစ်သည်။လူ့အခွင့်အရေးများကို ချိုးဖေါက်သောအခါ စစ်မက်ဖြစ်ပွါးမှုဖြစ်လာသည်။ ဧဝံဂေလိကျမ်းက ဥပမာသည် အမွေစားသားကိုလေးစားမည့်ဥပမာဖော်ပြသည်။မတူညီသော လူသားမျိုးနွယ်များတွက် အကောင်းဆုံးသော ဆုလက်ဆောင်မှာ လေးစားမှုဖြစ်သည်။ လေးစားခြင်းနှင့်အနီးကပ်ဆုံးသော ပါရမီမှာချစ်ခြင်းဖြစ်သည်။ ခရစ်တော်သွန်သင်သည်ကားအချင်းချင်းချစ်ကြပါ။

 

Daily Reflection