Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-27 20:09:56

27.2.2024 - Tuesday of the 2nd week of Lent
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၂၇ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - အင်္ဂါနေ့
Matthew 23:1-12 - ရှင်မာတေဦး ၂၃:၁-၁၂
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ဟေရှာယ ၁:၁၀၊၁၆-၂၀။ရှင်မာတေဦး ၂၃:၁-၁၂ကျမ်းတတ်ဆရာတွေနဲ့ ဖာရီဇေးဦးတွေ ဘာတွေလုပ်နေကြသလဲဆိုတာ ဒီနေ့ဧဝံဂေလိကျမ်းမှာ သခင်ဘုရားက ထောက်ပြထားပါတယ်။ သူတို့က‘လယ်ထွန်သွားနွားမေ့’ ဆိုတာလို အဓိကအရေးကြီးတာကျန်နေခဲ့ပြီး အနှစ်မပါတဲ့ သာမည အရာတွေနဲ့ အချိန်ကုန်နေတာတွေ့ရပါတယ်။အကယ်၍များ သူတို့သာဒီနေ့ပထမကျမ်းမှာပရောဖက် ဟေရှာယ သတိပေးထားသလို ဒုစရိုက်တွေကိုပယ်ရှားမယ်၊တရားသဖြင့်ပြုမယ်၊မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးမယ်၊မုဆိုးမတွေဖက်ကရပ်တည်ပေးမယ်(၁:၁၆-၁၇) ဆိုရင်သခင် ဘုရားကလူတစ်ရာတပ်မှူးကို၊ ကာနန်အမျိုးသမီးကို ချီးကြူးသလို သူတို့ကိုလည်း ချီးကြူးမှာ အမှန်ပါပဲ။ 

Daily Reflection