Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-27 20:06:26

26.2.2024 - Monday of the 2nd week of Lent
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၂၆ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - တနင်္လာနေ့
Luke 6:36-38 - ရှင်လုကာ ၆:၃၆-၃၈
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ဒါနီအဲလ် ၉:၄ခ-၁၀။ ရှင်လုကာ ၆:၃၆-၃၈မှန်ကြည့်ပြီး ပြုံးပြရင် မှန်ထဲကလူကလည်း ကိုယ့်ကို ပြန်ပြုံးပြမယ်။ တောင်နံရံနှစ်ခုကြားမှာ အားရပါးရ အော်ဆဲလိုက်ရင် ဆဲတဲ့အသံကို ပြန်ကြားရမယ်။ လောကကြီးက တရားပါတယ်။ ကိုယ်ပြုတဲ့အတိုင်းပြန်ပြီး ခံရ/စံရမှာပါပဲ။ ဒါကလူ့အဆင့်အတန်း သတ်မှတ်ချက်ပါ။ကျွန်ုပ်တို့ရဲ့ ဘုရားသခင်က သူ့အဆင့်အတန်းအတိုင်း လိုက်နာစေချင်လို့ ဒီနေ့ဖိတ်ခေါ်နေပါတယ်။“ခမည်းတော် သနားကြင်နာသကဲ့သို့သနားကြင်နာရမယ်”တဲ့။ ခမည်းတော်လိုသနားကြင်နာတတ်ဖို့ ဒီပါရမီသုံးခုကို ကျင့်ရပါမယ်။ အဲ့ဒါတွေကတော့ သူတစ်ပါးကို မစီရင်မဆုံးဖြတ်ဖို့၊ ပြစ်တင်ရှုံ့ချခြင်းမပြုဖို့နဲ့ ခွင့်လွှတ်ဖို့ ဖြစ်ပါတယ် (ပ-ကော ၄:၅၊ ယာကုပ် ၄:၁၂၊ ဧဖက် ၄:၃၂)။လောကကြီးထဲကိုသင်ပေးလိုက်သလောက် သင်ပြန်ရမှာပါ။ ဒါပေမယ့်ဘုရားသခင်လို ကြင်နာတတ်ရင်တော့ ပြည့်သိပ်ရုံမက မောက်လျှံနေအောင် ပြန်ရပါလိမ့်မယ်။

Daily Reflection