Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-19 21:13:24

22.2.2024 – First week of Lent, Thursday
၂၂ရက် ၊ဖေဖေါ်ဝါရီလ ၊ ၂၀၂၄၊ ဝါတွင်းကာလ ပထမသီတင်းပတ် - ကြာသပတေးနေ့
Matthew 16:13-19 - ရှင်မာတေးဦး ၁၆း၁၃-၁၉
Reflection by Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ရှင်ပေတရုရာဇပလ္လင်ပွဲတော်ပ-ပေတရု ၅:၁-၄။ မာတေဦး ၁၆:၁၃-၁၉နိုဝင်ဘာလ (၉)ရက်နေ့ကရှင်ယောဟန်လာတေရန်ကျောင်းတော်အပ်ပွဲကျင်းပပါတယ်။ ဒီနေ့လည်း ရှင်ပေတရုရာဇပလ္လင်ပွဲကျင်းပပါတယ်။ အဆောက်ဦးတွေပရိဘောဂတွေကို အမွှန်းတင်နေတာမဟုတ်ပါဘူး။ မမြင်နိုင်သော သခင်ဘုရားရဲ့မြင်နိုင်သော ကိုယ်စားလှယ်တော်(visible head of the invisible Christ)၊သခင်ဘုရားကိုယ်စား အမိသာသနာတော်ရဲ့ဦးသျှောင်(vicar of Christ on earth) ဖြစ်သူသံပေတရုနဲ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံကြတဲ့ရဟန်းမင်းကြီးများအပေါ် သခင်ဘုရားကိုယ်တော်တိုင် ပေးအပ်ခဲ့တဲ့ အခွင့်အာဏာကို ရိုသေလေးစားသမှုနဲ့ဂုဏ်ပြုကြတဲ့ပွဲ ဖြစ်ပါတယ်။ ကျောက်ဆောင်ဆိုတာ လူတွေခိုနားလောက်အောင်အရွယ်အစားကြီးမားပါတယ်(ဆာလံ ၃၁:၃၊ ၇၁:၃)။ ကျောက်တုံးကတော့ကျောက်ဆောင်လောက်မကြီးပါဘူး။အရွယ်အစားမတူပေမယ့်‘ကျောက်’ဆိုတဲ့အခြေခံသဘာဝခြင်းကတော့အတူတူပါပဲ။ ကျောက်တစ်တုံးနဲ့တစ်တုံးဆက်စပ်ဖို့ဘိလပ်မြေလိုအပ်သလို ရဟန်းမင်းကြီးအရှင်သူမြတ်ရဲ့ဦးဆောင်မှုအောက်မှာ တစ်လုံးတစ်ဝတည်းရှိဖို့ရာခိုင်မြဲထက်သန်တဲ့ယုံကြည်ခြင်း လိုအပ်ပါတယ်။ ဒီယုံကြည်ခြင်းကို ကျွန်ုပ်တို့တစ်ဦးစီရဲ့ ဝိညာဉ်ရေး အတွေ့အကြုံကနေရနိုင်ပါတယ်။ ဒီနေ့ သခင်ဘုရားက ကျွန်ုပ်တို့ တစ်ဦးစီကို မေးနေပါတယ်“သင်မူကား ငါမည်သူဖြစ်သည်ဟု ဆိုမည်နည်း?” (မာတေဦး ၁၆:၁၅)။

Daily Reflection