Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-19 21:08:51

21.2.2024 – First of week Lent, Wednesday
၂၁ ဖေဖေါ်ဝါရီလ၊ ဝါတွင်းကာလ ပထမသီတင်းပတ် - ဗုဒ္ဓဟူးနေ့
Luke 11;29-32 -  ရှင်လုကာ ၁၁:၂၉-၃၂
Reflection by Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ယောန ၃:၁-၁၀။ လုကာ ၁၁:၂၉-၃၂ခရစ်ယာန်ဘဝသက်တာကို လက်တွေ့ရှင်သန်ဖို့အဓိကနှစ်ချက်လိုအပ်ပါတယ်။ ပထမတစ်ခုကနောင်တရပြီး အကျင့်ပြောင်းလဲဖို့ပါ။ ဒါကိုနီနီဝေးမြို့သူ/သားတွေဆီက အတုယူနိုင်ပါတယ်။ သူတို့ဟာရွေးကောက်ခံရတဲ့ ဂျူးလူမျိုးတွေ မဟုတ်ကြပါဘူး။ ယနေ့ခေတ် အီရန်နိုင်ငံမိုဆူးလ်မြို့နေရာမှာ ဘီစီ ၅၆၂-၆၁၂ ကြားထွန်းကားခဲ့တဲ့အာဆီးရီးယန်းလူမျိုးတွေရဲ့မြို့တော်ဖြစ်ပါတယ်။စိတ်ကြမ်းလူကြမ်းနဲ့စစ်လိုလားသူတွေဖြစ်ပေမယ့်ပရောဖက်ယောန တရားဟောတဲ့အခါနောင်တရခဲ့ကြပါတယ်။ ဒုတိယအချက်ကသန့်ရှင်းဖြောင့်မတ်တဲ့ အသက်တာကို ဇွဲနဲ့တည်ဆောက်ဖို့ဖြစ်ပါတယ်။ ရှေဘဘုရင်မဟာဆော်လမုန်ဘုရင်ရဲ့ဉာဏ်ပညာကိုလက်တွေ့ကြားနာချင်လို့ ၉၄၅ဘီစီမှာ(ယနေ့ ယီမင်နိုင်ငံ ကနေ)ဂျေရုစလင်ကိုအရောက်လာခဲ့ပါတယ်(တ-ဓမ္မ ၁၀:၁-၁၃)။ ခရီးက အဖြောင့်တိုင်းရင်တောင်မိုင် ၁၂၇၀ဝေးပါတယ်။ သူမရဲ့ဇွဲက ချီးကျူးစရာပါ။ ဆော်လမုန်ဘုရင်ဟာပညာရှိပေမယ့် မိဖုရားတွေအများကြီးယူပြီး သူတို့ရဲ့နတ်ဘုရားတွေကို ကိုးကွယ်ခဲ့ဖူးပါတယ် (တ-ဓမ္မ ၁၁:၁-၁၃)။နီနီဝေးမြို့သူ/သားတွေက ဆော်လမုန်လောက်မသိပေမယ့် သိသလောက်လေးကိုလက်တွေ့ကျင့်ခဲ့ကြပါတယ်။ ပရောဖက်ယောနနဲ့ ဆော်လမုန်ဘုရင်ထက်သာတဲ့သခင်ဘုရားရဲ့နောက်လိုက်တပည့် ကျွန်ုပ်တို့တွေနီနီဝေး မြို့သူ/သားတွေနဲ့ ရှေဘဘုရင်မထက် သာသင့်ပါတယ်။ 

Daily Reflection