Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-16 22:42:11

18.2.2024 – 1st Sunday of Lent
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၁၈ ရက်- ဝါတွင်း ပထမ တနင်္ဂနွေနေ့
Mark 1:12-15 - ရှင်မာကု ၁:၁၂-၁၅
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ကမ္ဘာဦးကျမ်း ၉:၈-၁၅။ ပ-ပေတရု ၃:၁၈-၂၂။ မာကု ၁:၁၂-၁၅“နောင်တရကြ၍ ဧဝံဂေလိတရားတော်ကို ယုံကြည်ကြလော့”နောင်တစွဲယူတဲ့အပိုင်းမှာ“C” လေးလုံး လိုအပ်ပါတယ်။ အဲဒါတွေကတော့ Conviction, Confession, Contrition & Conversion တို့ပဲဖြစ်ပါတယ်။Conviction ဆိုတာ မိမိအမှားကို မိမိသိဖို့ ဖြစ်ပါတယ်(တမန်တော်ဝတ္ထု ၂၀:၂၁)။ Confession မှာတော့ ကိုယ့်အမှားကို ကိုယ်တိုင်ဝန်ခံဖို့ ဖြစ်ပါတယ် (ဆာလံ ၃၂:၅၊ သုတ္တံ ၂၈:၁၃၊ မာတေဦး ၁၆:၁၉, ၁၈:၁၈၊ ယောဟန် ၂၀:၂၂-၂၃)။ Contrition ကတော့ အပြစ်ပြုမိခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲတဲ့စိတ် ရှိရပါမယ်(ဆာလံ ၃၈:၁၈၊ ဒု-ကော ၇:၁၀)။ အထက်ကသုံးချက်ပြီးသွားရင်တော့ Conversion အကျင့်တရားပြောင်းလဲကာ ဘဝအသစ်မှာ နေထိုင်သွားဖို့ ဖြစ်ပါတယ်(ဟေရှာယ ၅၅:၇၊ ယေဇကျေလ ၁၈:၂၃)။နောင်တရတာနဲ့ ဧဝံဂေလိတရားတော်ကို ယုံတာနဲ့က ဆက်စပ်နေပါတယ်။ မယုံရင် နောင်တရစရာ အကြောင်းမရှိပါဘူး။ ယုံကြည်လက်ခံလို့သာ တရားတော်ရဲ့သွန်သင်ချက်နဲ့လွဲနေတဲ့ကိုယ့်ရဲ့အမှားတွေကို မြင်လာတာ၊ပြန်လည်ပြုပြင်ချင်စိတ် ဝင်လာတာဖြစ်ပါတယ်။နောက်ပြီး ဧဝံဂေလိတရားတော်က နှောင့်ယှက်ခြင်းတွေကို ခုခံနိုင်ဖို့ နည်းလမ်းကောင်းတွေပေးနေပါတယ်။ သခင်ဘုရားက နတ်ဆိုးနှောင့်ယှက်လာတဲ့အခါပါးစပ်ထဲတွေ့ကရာစကားလုံးနဲ့ ချေပခဲ့တာမဟုတ်ပါဘူး ကျမ်းစကားနဲ့တုန့်ပြန်ခဲ့တာ သာဓကပါပဲ။

Daily Reflection