Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-09-19 00:56:07
19 September 2026 Saturday

24th Week in Ordinary Time

Luke 8: 4 - 15

Reflection by Consolation Sister, NSC

Posted by SR. Maria Ni Ni, MSP

"ကောင်းသောမြေပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက် စကားကိုကြားနာ၍ ဖြောင့်

မတ်၊ စင်ကြယ်သောနှလုံးသားဖြင့် စွဲမြဲစွာခံယူသောကြောင့် အဆုံးတိုင်အောင် တည်တံ့လျက် အသီးသီးသောသူများကိုဆိုလိုခြင်းဖြစ်၏။ "

ဒီနေ့ ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နှလုံးသားထဲမှာ မည်သို့ လက်ခံကြသလဲဆိုတာကို နှိုင်းယှဉ်သွန်သင်ထားပါတယ်။ ဘုရားသခင် ကြဲလိုက်သော မျိုးစေ့ (နှုတ်ကပတ်တော်) ကတော့ အမြဲတမ်း စုံလင်သန့်ရှင်းပါတယ်။ သို့သော် ထိုမျိုးစေ့ ကျရောက်ရာ နှလုံးသားမြေဆီလွှာအပေါ် မူတည်ပြီး အသီးသီးပုံခြင်း မတူညီကြပါ။

ဒီနေ့၏ ကျမ်းချက်ကို ထောက်ရှုရင်း မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ကြပါစို့ -

လမ်းဘေးကဲ့သို့သောနှလုံးသား - ကြားနာလိုက်ရသော်လည်းမာကျောသောနှလုံးသားကြောင့်နတ်ဆိုး၏လှည့်ဖျားမှုကိုခံရပြီးနှုတ်ကပတ်တော်ပျောက်ကွယ်သွာသလား။

ကျောက်စိမ်းမြေကဲ့သို့သော နှလုံးသား - ဝမ်းမြောက်စွာ ခံယူသော်လည်း အမြစ်မတွယ်ဘဲ စမ်းသပ်ခြင်းနှင့် ဒုက္ခကြုံသည့်အခါ ယုံကြည်ခြင်း ပျက်ပြားသွားပါသလား။

ဆူးပင်များကြားကဲ့သို့သော နှလုံးသား - လောက၏ စိုးရိမ်ကြောင့်ကြခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပျော်ပါးခြင်း ဆူးပင်များက နှုတ်ကပတ်တော်ကို လည်မြိုညှစ်ထားသဖြင့် အသီးမသီးနိုင်ဘဲဖြစ်နေပါသလား။

ကောင်းသောမြေကဲ့သို့သော နှလုံးသား - ကြားနာသောနှုတ်ကပတ်တော်ကို တည်ကြည်သောနှလုံးသားဖြင့်လက်ခံကာ ဇွဲရှိရှိနှင့်အသီးသီးပွင့်နေပါသလား။

ကျွန်ုပ်တို့၏ နှလုံးသားသည် မာကျောနေပါက နူးညံ့အောင်၊ ကျောက်ခဲများနှင့် ဆူးပင်များ ပြည့်နှက်နေပါက ဖယ်ရှားရှင်းလင်းနိုင်အောင် ဘုရားသခင်ထံ ကျေးဇူးတော် များကို အတူတကွ တောင်းခံကြပါစို့။

 ဆုတောင်းမေတ္တာ

“အို သခင်ယေဇူး၊

ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ကြားနာခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါ၏။

ကျွန်ုပ်တို့၏ နှလုံးသား၌ ရှိနေသော မာကျောမှုများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် လောကီတဏှာ ဆူးပင်များကို ဖယ်ရှားပေးတော်မူပါ။

ကိုယ်တော်၏နှုတ်ကပတ်တော်အမြစ်တွယ်၍အဆတစ်ရာမက အသီးကောင်းများသီးပွင့်နိုင်သော 'ကောင်းသောမြေဆီလွှာ' ကဲ့သို့သော နှလုံးသားမျိုးကို ပေးသနားတော်မူပါ။ အာမင်။

Daily Reflection