Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-09-13 04:42:19
14 September 2026 Monday

24th Week in Ordinary Time

The TRIUMPH of the Holy Cross

John 3:13 - 17

Reflection by Consolation Sister, NSC

သန့်ရှင်းသော ကရူးစူးကားတိုင် အောင်နိုင်ခြင်းပွဲ

"ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်တော်မူသဖြင့် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ပေးတော်မူ၏။ ထိုသားတော်ကို ယုံကြည်သောသူတိုင်း ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရရှိစေရန် ဖြစ်၏။"

ယောဟန် ၃:၁၆ လက်ဝါးကားတိုင်သည် ချစ်ခြင်းမေတ္တာ၏ အမှတ်အသားဖြစ်သည်။

ခရစ်တော်၏ လက်ဝါးကားတိုင်ကို မျှော်ကြည့်လိုက်တိုင်း ကိုယ်တော်ရှင်၏ နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကို ရှေးဉီးစွာမမြင်ဘဲထိုလက်ဝါးကားတိုင်၏ နောက်ကွယ်မှ ကျွန်ုပ်တို့အတွက်ထားရှိသည့် ဘုရားသခင်၏ အဆုံးမရှိသော ချစ်ခြင်းမေတ္တာကို သိရှိခံစားကြပါစို့။

သခင်ခရစ်တော်သည် အပြစ်မရှိသော်လည်း ကျွန်ုပ်တို့အတွက် လက်ဝါးကားတိုင်ပေါ်တွင် အသက်တော်ကို ပေးဆပ်ခဲ့သည်။ မိမိကိုယ်တိုင် ကယ်တင်ရန် မဟုတ်ဘဲ ကျွန်ုပ်တို့ကို ကယ်တင်ရန်အတွက် အရှက်ကွဲခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းတို့ကို ခံယူခဲ့သည်။

တစ်ခါတလေ ကျွန်ုပ်တို့၏ ဘဝမှာလည်း ကိုယ်စီကိုယ်ငှာ ထမ်းဆောင်ရသည့် လက်ဝါးကားတိုင်များ ရှိကြပါသည်။ ထိုကားတိုင်များသည် နာကျင်မှု၊ ဆုံးရှုံးမှု၊ စိတ်ပျက်မှု၊ အထီးကျန်မှုနှင့် ခွင့်လွှတ်ရခက်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ထိုအချိန်များတွင် “ဘုရားသခင်က ကျွန်ုပ်ကို ဘာကြောင့် ဒီလိုဖြစ်စေတာလဲ” ဟု မေးမိနိုင်ပါသည်။ သို့သော် ကိုယ်တော်ရှင်၏ လက်ဝါးကားတိုင်ကို ထောက်ရှုစဉ်းစားကြပါစို့။

ခရစ်တော်က ကျွန်ုပ်တို့အား အမြဲသတိပေးနေပါသည်။

"သင် တစ်ယောက်တည်း မဟုတ်ပါ။"

"သင်၏ နာကျင်မှုကို ငါသိ၏။"

"သင်၏ မျက်ရည်ကို ငါမြင်၏။"

"သင့်ကို ငါချစ်၏။"

လက်ဝါးကားတိုင်တွင် အမှောင်ထဲက အလင်း ရှိသည်။

သေခြင်းထဲက အသက် ရှိသည်။

နာကျင်မှုထဲက မျှော်လင့်ချက် ရှိသည်။

အဆုံးသတ်ဟု ထင်ရသည့်နေရာတွင် ကယ်တင်ခြင်း ရှိသည်။

ထို့ကြောင့် ယနေ့တွင်သန့်ရှင်းသောလက်ဝါးကားတိုင်တော်ကို ဦးညွှတ်ဂါရဝပြုရင်း ကျွန်ုပ်တို့၏ကိုယ်ပိုင်လက်ဝါးကားတိုင်များကိုလည်း သခင်ယေဇူးထံအပ်နှံပူဇော်သွားကြပါစို့။

ဆုတောင်းမေတ္တာ

အို... သခင်ယေဇူး၊

ကိုယ်တော်၏ သန့်ရှင်းသော လက်ဝါးကားတိုင်တော်ကို မျှော်ကြည့်တိုင်း ကျွန်ုပ်တို့အပေါ် ထားရှိသော ကိုယ်တော်၏ မေတ္တာတော်ကို အမြဲတမ်း သတိရစေတော်မူပါ။

ကျွန်ုပ်တို့၏ နာကျင်မှုများ၊ ဝမ်းနည်းမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် ကိုယ်ပိုင်ကားတိုင်များကို ကိုယ်တော်နှင့်အတူ သယ်ဆောင်လျှောက်လှမ်းနိုင်ရန် ခွန်အားကျေးဇူးတော်များကို ပေးသနားတော်မူပါ အာမင်။

Daily Reflection