Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-09-13 05:14:42
15 September 2026 Tuesday

24th Week in Ordinary Time

Our Lady of Sorrows

John 19: 25 - 27

Reflection by Consolation Sister, NSC

Posted by Sr. Maria Ni Ni, MSP

 

နာကြင်ခြင်းမယ်တော်ပွဲ

“အချင်းအမျိုးသမီး၊ သင်၏သားကို ကြည့်ပါ” ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် တပည့်တော်ကိုလည်း “သင်၏အမိကို ကြည့်ပါ” ဟု မိန့်တော်မူ၏။

ကာလ်ဝါရီတောင်ပေါ်၌ ယေဇူးသခင် ကားတိုင်ပေါ်တွင် နာကျင်ဝမ်းနည်းစွာ အသက်ပေးတော်မူချိန်တွင် မယ်တော်သခင်မသည် ကားတိုင်ခြေတော်ရင်းတွင် သစ္စာရှိစွာ၊ ယုံကြည်ခြင်းအပြည့်အဝဖြင့် ရှိနေတော်မူခဲ့သည်။ မယ်တော်၏ နှလုံးသားသည် သားတော်၏ နာကျင်မှုနှင့်အတူ နာကျင်ခဲ့သော်လည်း ဘုရားသခင်၏ အလိုတော်ကို ယုံကြည်ခြင်းမပျက်ဘဲ ကားတိုင်လမ်းတစ်လျှောက် သားတော်နှင့်အတူ လိုက်လျှောက်တော်မူခဲ့သည်။

မယ်တော်၏ ဝမ်းနည်းခြင်းသည် ယုံကြည်ခြင်းကင်းမဲ့သော ဝမ်းနည်းခြင်း မဟုတ်ပါ။

မယ်တော်သည် မျက်ရည်များကြားမှ ဘုရားသခင်၏ ကတိတော်ကို ယုံကြည်တော်မူခဲ့သည်။

ယေဇူးသခင်က ကားတိုင်ပေါ်မှ မယ်တော်အား တပည့်တော်တို့၏ မိခင်အဖြစ် အပ်နှံပေးတော်မူခဲ့ပြီး၊ တပည့်တော်တို့အားလည်း မယ်တော်၏ သားများအဖြစ် အပ်နှံတော်မူခဲ့သည်။ ထိုအချိန်မှစ၍ မယ်တော်သခင်မသည် ခရစ်တော်ကို ယုံကြည်သော ကျွန်ုပ်တို့အားလုံး၏ မိခင် ဖြစ်လာတော်မူခဲ့ပါသည်။

ယနေ့ ကျွန်ုပ်တို့၏ဘဝတွင် ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ ဆုံးရှုံးခြင်းများ ရှိလာသောအခါ မယ်တော်ကို အားကိုးကြပါစို့။

ကျွန်ုပ်တို့ မျက်ရည်ကျသောအခါ မယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ မျက်ရည်ကျတော်မူသည်။ ကျွန်ုပ်တို့၏ နှလုံးသား နာကျင်သောအခါ မယ်တော်သည် ကျွန်ုပ်တို့ကို ယေဇူးသခင်၏ နှလုံးသားထံသို့ ပို့ဆောင်ပေးတော်မူသည်။

ဝမ်းနည်းကြေကွဲခြင်း မယ်တော်၊ ကျွန်ုပ်တို့၏ နာကျင်မှုများကို ယေဇူးသခင်ထံ ဆက်ကပ်ပူဇော်နိုင်ရန် လမ်းပြပေးတော်မူပါ။

ကားတိုင်ရှေ့တွင် မယ်တော်ကဲ့သို့ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းမပျက်၊ မျှော်လင့်ခြင်းမပျောက်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြပါစို့။

မယ်တော်ထံ ဆုတောင်းခြင်း

ဝမ်းနည်းကြေကွဲခြင်း၏ သန့်ရှင်းသော မယ်တော်၊ကျွန်ုပ်တို့၏ မိခင်၊ ကျွန်ုပ်တို့၏ အားကိုးရာ၊ ကျွန်ုပ်တို့၏ ဆုတောင်းမေတ္တာရှင် မယ်တော်၊ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်း၊ မျက်ရည်များနှင့် နာကျင်မှုများကို ယေဇူးသခင်ထံ ဆက်ကပ်ပေးတော်မူပါ။နာကျင်ခံစားနေရသူများ၊ ချစ်ရသူများကို ဆုံးရှုံးထားသူများ၊ မိသားစုအခက်အခဲများကြားတွင် ရှိနေသူများအား အထူးသဖြင့် နှစ်သိမ့်ပေးတော်မူပါ။ကျွန်ုပ်တို့သည် မယ်တော်၏ ယုံကြည်ခြင်း၊ သည်းခံခြင်းနှင့် နှိမ့်ချခြင်းကို အတုယူနိုင်ကြပါစေ။

သန့်ရှင်းသော မယ်တော်မာရီးယား၊ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။

နာကြင်ခြင်းမယ်တော်၊ကျွန်ုပ်တို့၏ မိခင်အဖြစ် အမြဲအတူရှိတော်မူပါ။

Daily Reflection