Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-09-02 12:10:06
3 September 2026 Thursday

22nd Weeek in Ordinary Time

Luke 5: 1 - 11

Reflection by Consolation Sister, NSC

Posted by Sr. Maria Ni Ni, MSP

 

"  သူတို့သည် ရှိသမျှကိုစွန့်ခဲ့၍ ယေဇူးနောက်တော်သို့လိုက်ကြလေ၏  " (လုကာ ၅:၁၁)

ဒီနေ့ ဧဝံဂေလိတရားတော်တွင် သခင်ယေဇူးသည် ဂျေနားဇရက်အိုင်အနီးတွင်လူအစုအဝေးအား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောတော်မူသည်။ ထို့နောက် ကိုယ်တော်သည် စီမွန်အား "ရေနက်ရာသို့လှေကိုရွှေ့၍ ပိုက်ကိုချလော့" ဟု မိန့်တော်မူခဲ့သည်။ တစ်ညလုံး ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ငါးတစ်ကောင်မျှ မရခဲ့သော စီမွန်သည် မိမိ၏ အတွေ့အကြုံကို အားမကိုးဘဲ "ကိုယ်တော် မိန့်တော်မူသောကြောင့် ပိုက်ကို ချပါမည်" ဟု ယုံကြည်ခြင်းဖြင့် နာခံခဲ့သည်။ ထိုနာခံခြင်းကြောင့် အံ့ဖွယ်ကောင်းလောက်အောင် ငါးအများအပြားကို ဖမ်းမိခဲ့သည်။

ဤအဖြစ်အပျက်က ကျွန်ုပ်တို့အား သင်ကြားပေးသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့၏ အားထုတ်မှုကို ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့နှင့် ပေါင်းစည်းသောအခါ အံ့ဖွယ်အသီးအပွင့်များကို ဖြစ်ပေါ်စေကြောင်း ဖြစ်သည်။ 

ကျွန်ုပ်တို့၏အတွေ့အကြုံ၊အစွမ်းအစ (သို့)အောင်မြင်မှု၊ကျရှုံးမှုများထက်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်စွာလိုက်နာခြင်းက ပို၍အရေးကြီးပါသည်။

စီမွန်နှင့် သူ၏ အပေါင်းအဖော်တို့သည် တစ်ညဉ့်လုံး ပင်ပန်းစွာ ငါးဖမ်းခဲ့သော်လည်း ဘာမျှမရခဲ့ပါ။ မိမိ၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်အရ မဖြစ်နိုင်တော့ဟု ထင်ရသော်လည်း သခင်ယေဇူး၏ မိန့်တော်မူချက်အတိုင်း ရေနက်ရာသို့ ထွက်၍ ပိုက်ကွန်ချသောအခါ ပိုက်ကွန်ပြဲမတတ် ငါးများစွာ ရရှိခဲ့သည်။

ဤအံ့ဖွယ်အမှုကြီးကို တွေ့မြင်ရသောအခါ စီမွန်ပေတရုသည် "သခင်၊ အကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏။ အကျွန်ုပ်ထံမှ ထွက်ခွာတော်မူပါ" ဟု ဒူးထောက်၍ ဝန်ခံခဲ့သည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းကို တွေ့မြင်ရသောအခါ မိမိ၏ နိမ့်ကျမှုနှင့် အပြစ်ကို သတိပြုမိစေသည်။ သို့သော် သခင်ယေဇူးသည် သူ၏ အပြစ်ကိုသာ မမြင်ဘဲ အနာဂတ်ခေါ်တော်မူခြင်းကို မြင်၍ "မကြောက်နှင့်" ဟု အားပေးခဲ့သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံသူများဖြစ်သောကြောင့် မခေါ်တော်မူပါ။ အားနည်းချက်များနှင့် အပြစ်များ ရှိနေသော်လည်း ယုံကြည်စွာ နာခံလိုသော နှလုံးသားကိုသာ တောင်းဆိုတော်မူသည်။ ပေတရုကဲ့သို့ ကျွန်ုပ်တို့လည်း ကိုယ်တော်၏ ခေါ်တော်မူခြင်းကို ယုံကြည်စွာ တုံ့ပြန်ရဲလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အသက်တာကို ပြောင်းလဲစေမည် ဖြစ်သည်။

Daily Reflection