Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-29 09:09:29
30 August 2026

22nd Sunday in Ordinary Time

Matthew 16:21 - 27

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

 “မိမိတို့၏ လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ကြလော့”

ယနေ့ ဧဝံဂေလိတရားတော်တွင် ယေဇူးက မိမိရဲ့တပည့်တော်များအား ယေရုဇလင်မြို့သို့ သွားရမည်၊ ဆင်းရဲဒုက္ခခံရမည်၊ အသက်ပေးရမည်၊ သုံးရက်မြောက်နေ့တွင် ပြန်လည်ရှင်ပြန်ထမြောက်မည်ဖြစ်ကြောင်း ပြောကြားတော်မူပါတယ်။ ပေတရုက ထိုအရာကို လက်မခံနိုင်ပါ။ မက်ဆီးယားက ဆင်းရဲဒုက္ခခံရမည်ကို သူ     မယုံကြည်ပါ။ ထို့ကြောင့် ယေဇူးက ပေတရုအား ပြင်းပြင်းထန်ထန် ဆုံးမတော်မူခဲ့သည်မှာ  “ငါ့နောက်သို့ ဆုတ်လော့၊ စာတန်” ဟူ၍ ပြောပါတယ်။

ယေဇူးက ဘာကြောင့် ဤမျှပြင်းထန်စွာ ပြောဆိုတော်မူသနည်း။ အကြောင်းရင်းမှာ ပေတရုက ဘုရားသခင်ရဲ့ အကြံအစည်အတိုင်း မစဉ်းစားဘဲ လူသားတို့ရဲ့ အတွေးအမြင်အတိုင်း စဉ်းစားနေသောကြောင့် ဖြစ်ပါတယ်။ ပေတရုက လက်ဝါးကပ်တိုင်မရှိဘဲ ဘုန်းကျက်သရေကိုလည်းကောင်း၊ ဆင်းရဲဒုက္ခမရှိဘဲ အောင်မြင်ခြင်း ကိုလည်းကောင်း လိုချင်နေပါတယ်။

ထို့နောက် ယေဇူးက ခရစ်ယာန်၊ တပည့်တစ်ယောက်ရဲ့ အဓိကအချက်ကို ကျွန်ုပ်တို့အား သွန်သင်တော်မူပါတယ်  “အကြင်သူသည် ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကို ငြင်းပယ်၍ မိမိရဲ့လက်ဝါးကပ်တိုင်ကို ထမ်းပြီး ငါ့နောက်သို့ လိုက်ပါစေ။”

ယေဇူးနောက်သို့ လိုက်ခြင်းက ကျွန်ုပ်တို့ရဲ့ဘဝတွင် အခက်အခဲများ ကင်းဝေးမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့တစ်ဦးချင်းစီတွင် မိမိတို့ရဲ့ လက်ဝါးကပ်တိုင်များ ရှိကြပါတယ်။ ၎င်းတို့မှာ မကျန်းမာဖြစ်ခြင်း၊ စိတ်ပျက်ခြင်း၊ မိသားစုပြဿနာများ၊ တာဝန်ဝတ္တရားများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံရခြင်း၊ ငြင်းပယ်ခံရခြင်း သို့မဟုတ် မိမိကိုယ်ကိုနဲ့ ရုန်းကန်နေရခြင်းများ ဖြစ်နိုင်ပါတယ်။ ယေဇူးက လက်ဝါးကပ်တိုင်မှ ထွက်ပြေးရန် မိန့်တော်မူခြင်းမဟုတ်ပါ။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ကို ထမ်းရန် ဖိတ်ခေါ်တော်မူခြင်း ဖြစ်ပါတယ်။

လက်ဝါးကပ်တိုင်က အဆုံးသတ်မဟုတ်ပါ။ ယေဇူးက မိမိသည် ပြန်လည်ရှင်ပြန်ထမြောက်မည်ဟု မိန့်တော်မူတယ်။ ထို့ကြောင့် ခရစ်တော်နှင့်အတူ တညီတညွတ်တည်းခံယူသော ကျွန်ုပ်တို့ရဲ့ ဆင်းရဲဒုက္ခများက ဘဝ အဓိပ္ပာယ်ရှိလာပြီး ဘဝအသက်တာ အသစ်ဆီသို့ ကျွန်ုပ်တို့ကို ဦးဆောင်ပေးနိုင်ပါတယ်။

ယေဇူးက ကျွန်ုပ်တို့အား “စင်္ကြာဝဌာတစ်ခုလုံး အုပ်စိုး ရရှိသော်လည်း မိမိရဲ့အသက်ဝိညာဉ်ကို ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။” ဟု စိန်ခေါ်မှုရှိသော မေးခွန်းတစ်ခုကိုလည်း မေးတော်မူပါတယ်။

 လောကကြီးက ငွေကြေး၊ အောင်မြင်မှု၊ သက်သာချမှုနဲ့ လူတို့ရဲ့ အသိအမှတ်ပြုမှုတို့ကို ပေးစွမ်းနိုင်ပါတယ်။ သို့သော် ထိုအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို အစားထိုးနိုင်မည်မဟုတ်ပါ။

ထို့ကြောင့်  “အဆင်ပြေသောဘဝအချိန်များတွင်သာ ယေဇူးနောက်သို့ လိုက်နေပါသလား။ သို့မဟုတ် အခက်ခဲ (လက်ဝါးကပ်တိုင်)  ရှိလာသောအခါတွင်ပင် ကိုယ်တော်နောက်သို့ လိုက်ရန် ဆန္ဒရှိပါသလား။” ဟူသော မေးခွန်းကို ကျွန်ုပ်တို့ကိုယ်ကို  ပြန်လည်မေးကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ငြင်းပယ်နိုင်ရန်၊ နေ့စဉ်ဘဝရဲ့ လက်ဝါးကပ်တိုင်များကို သစ္စာရှိစွာ ထမ်းနိုင်ရန် နှင့် ယေဇူးနောက်သို့ လိုက်နိုင်ရန် ရဲရင့်ခြင်းကို ရရှိကြပါစေ။ လက်ဝါးကပ်တိုင်ဆီသို့သာမက ရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရအသက်ဆီသို့ပါ ယေဇူးနောက်သို့ သစ္စာရှိစွာ လိုက်လျှောက်နိုင်ကြပါစေ။

 

Daily Reflection