Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-21 04:50:01
23 August 2026

21st Sunday in Ordinary Time

Matthew 16: 13 - 20

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

“သင်တို့မူကား ငါ မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း”

ဒီနေ့ ကျမ်းစာတော်မြတ်တွင် ယေဇူးကတပည့်တော်တွေအား အလွန်အရေးကြီးသော မေးခွန်းတစ်ခုကိုမေးတော်မူတယ်။ “လူအေပါင်းတို့သည် လူသားကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးပြီးနောက် “သင်တို့က ငါ့ကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မိမိကိုယ် နဲ့ သက်ဆိုင်သော မေးခွန်းကို ဆက်လက်မေးတော်မူတယ်။

သူတို့ကလည်း  အချို့က ယောဟန်ဘတ္တဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေရမိယ၊ သို့မဟုတ် ပရောဖက်တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြတယ်ဆိုပြီး၊ယေဇူးအပေါ် မြင်သော  မတူညီသော အမြင်တွေကို ပြောကြတယ်။

သို့သော် စီမွန် ပေတရုက  ယုံကြည်ခြင်းဖြင့် “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်တည်းဟူသောခရစ်တော် ဖြစ်ပါသည်” ဟု ဖြေကြားတယ်။

ဤအဖြေသည် ယေဇူး၏ အမည်နာမနှင့် ကိုယ်ရေးအချက်အလက်ကိုသာ ပြောဆိုခြင်းမဟုတ်ဘဲ ယုံကြည်ခြင်းကို ထုတ်ဖော်ဝန်ခံခြင်းလည်း  ဖြစ်တယ်။ ပေတရုကယေဇူးကို ထူးချွန်သောဆရာတစ်ဦး သို့မဟုတ် ပရောဖက်တစ်ဦးမျှသာ မဟုတ်ဘဲ မက်ဆီးယား၊ ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်း အသိအမှတ်ပြုလိုက်ခြင်းပါ။

ထို့နောက် ယေဇူးက ယောန၏သားစီမွန် “သင်အား ငါဆိုသည်မှာ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကို ငါ တည်ဆောက်မည်” ဟု မိန့်တော်မူတယ်။ ယေဇူးက ပေတရုအား မိမိ၏အသင်းတော်ကို ခိုင်မာစေရန် နဲ့ လမ်းညွှန်ရန် အထူးတာဝန်ကို ပေးအပ်တော်မူတယ်။ ဤအချက်က အသင်းတော်သည် လူတို့ရဲ့ အာဏာ သို့မဟုတ် ဉာဏ်ပညာပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ခရစ်တော်အပေါ်၌သာ ယုံကြည်ခြင်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးခြင်းပါ။

ယနေ့ ယေဇူးက ကျွန်ုပ်တို့တစ်ဦးစီအားလည်း “သင်မူကား ငါ မည်သူဖြစ်သည်ဟူ၍ ဆိုသနည်း။" ဟူသောမေးခွန်း ကိုပင် မေးတော်မူတယ် ။

ကျွန်ုပ်တို့က "ယေဇူးအား ကိုယ်တော်သည်ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်" ဟု အမိကက်သလစ်ဘာသာမှ သွန်သင်ထားသောကြောင့် သို့မဟုတ် ဘုရားကျောင်းတွင် ကြားဖူးသောကြောင့် ပြောဆိုရန် လွယ်ကူပါတယ်။

 သို့သော် ဒီနေ့ ယေဇူးမေးသောမေးခွန်းက ကျွန်ုပ်တို့ရဲ့ဘဝတွင် ကိုယ်ပိုင်ယုံကြည်ခြင်းမှဖြစ်လာသောအတွေ့အကြုံ၊စိတ်ရင်း အမှန်ကို ဖော်ပြ၍ ဖြေကြားခြင်းကိုသာလိုလားတော်မူခြင်းဖြစ်တယ်။ယေဇူးသည် ကျွန်ုပ်တို့ရဲ့ မက်ဆီးယားသခင်၊ အမှန်တကယ်ဖြစ်တော်မူလျှင် ကျွန်ုပ်တို့ ရဲ့ရှင်သန်ခြင်း၊ကျွန်ုပ်တို့ ရဲ့ခွင့်လွှတ်ခြင်း၊ တပါးသူတွေကို ကျွန်ုပ်တို့ ရဲ့ချစ်ခြင်း နဲ့ အခက်အခဲတွေကိုကျွန်ုပ်တို့ ရင်ဆိုင်ရာတို့တွင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက ထင်ရှားပေါ်လွင်နေရမှာပါ။

ထို့ကြောင့်ယေဇူးကို ပိုမိုနက်ရှိုင်းစွာသိကျွမ်းနိုင်ရန်၊ ပေတရုကဲ့သို့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ရဲရင့်စွာဝန်ခံနိုင်ရန် နဲ့ နေ့စဉ်ဘဝတစ်ေလျှာက်တွင် ကိုယ်တော့်နောက်သို့ သစ္စာရှိစွာ လိုက်လျှောက်နိုင်ရန် ကျေးဇူးတော်ကို တောင်းခံကြပါစို့။ သခင်ယေဇူးကို ကျွန်ုပ်တို့၏နှုတ်ဖြင့် ဝန်ခံရုံမျှသာဖြစ်သော ခရစ်တော်မဟုတ်ရပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့ရဲ့ဘဝ တစ်လျှောက်လုံးမှာ ယုံကြည်သည့်အတိုင်း သက်သေခံရမယ် သခင်ဖြစ်တယ်ဆိုတာကို အစဥ် နှလုံးသွင်းကြပါစို့။

Daily Reflection