Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-08-12 03:35:41
13 August 2026 Thursday

19th Week in Ordinary Time

Matthew 18: 21 - 19:1

Reflection by Padre Pietro, MSP

Posted by Sr. Maria Ni Ni, MSP

 

 

" ဘုရားသခင်က သင့်ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်လည်း ခွင့်လွှတ်ပါ။"

ယနေ့ ဧဝံဂေလိကျမ်းတွင် ပေတရုက သခင်ယေဇူးအား “တပည့်တော်၏ညီအစ်ကိုသည် တပည့်တော်ကို ပြစ်မှားလျှင် သူ၏အပြစ်ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်တယ်။ ပေတရုက ခုနစ်ကြိမ်ဆိုလျှင် အလွန်ရက်ရောသည်ဟု ထင်ခဲ့သော်လည်း၊ သခင်ယေဇူးက “ခုနစ်ကြိမ်မဟုတ်၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်”ဟု မိန့်တော်မူခြင်းမှာ ခွင့်လွှတ်ခြင်းသည် အကန့်အသတ်မရှိကြောင်းကို ယေဇူက အတိအလင်း မိန့်တော်မူလိုက်ခြင်းပါ။

ထို့နောက် သခင်ယေဇူးက " ခွင့်လွှတ်ခြင်း မရှိသော အစေခံ၏ ပုံဥပမာကို မိန့်ကြားထားတာတွေ့ရတယ်။ အစေခံတစ်ဦးသည် မိမိ၏သခင်ထံမှ အလွန်များပြားသော အကြွေးကို ကင်းလွှတ်ခွင့်ခံရသော်လည်း၊ မိမိကို အကြွေးအနည်းငယ်သာ ပေးရန်ရှိနေသော အခြားအစေခံတစ်ဦးကိုမူ ခွင့်လွှတ်ခြင်းမရှိခဲ့ပါ။ ဒါ့ကြောင့်

ကရုဏာတရားကြီးမားသော ဘုရင် နှင့် ကိုယ်ချင်းစာနာမှု ကင်းမဲ့သော အစေခံအကြောင်းကို ဤပုံဥပမာ၏ သွန်သင်ချက်မှာ အလွန်ရှင်းလင်းစွာ ထုတ်ဖော်ထားခြင်းပါ။ 

"ဘုရားသခင်၏ ကရုဏာတော်ကို ခံယူရရှိထားသူတိုင်းသည် အခြားသူများအပေါ်တွင်လည်း ကရုဏာပြရမည်၊ အထူးသဖြင့် ကိုယ်ချင်းစာနာခြင်းရှိရမည်ကို ကိုယ်တော်က မီးမောင်းထိုးပြလိုက်ခြင်းပါ။

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို အကြိမ်ကြိမ် ခံယူခဲ့ကြပြီးသူများ ဖြစ်ကြတယ်။ ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့် နောင်တရကာ ဘုရားသခင်ထံ ပြန်လာတိုင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမြဲလက်ခံကြိုဆိုတော်မူတယ်။ ဘုရားသခင်က ဤမျှရက်ရောစွာ ခွင့်လွှတ်တော်မူလျှင်၊ ကျွန်ုပ်တို့ကို နာကျင်ထ်ခိုက်စေခဲ့သူများကို အဘယ်ကြောင့် မခွင့်လွှတ်နိုင်ရသလဲ။

ခွင့်လွှတ်ခြင်းဆိုသည်မှာ မကောင်းမှုကို မှန်ကန်သည်ဟု လက်ခံခြင်းမဟုတ်သကဲ့သို့၊ ခံစားခဲ့ရသော ထိခိုက် နာကျင်မှုကို ချက်ချင်း မေ့ပစ်ခြင်းလည်း မဟုတ်ပါ။

 ခွင့်လွှတ်ခြင်းဆိုသည်မှာ "အမုန်းတရားကို လွှတ်ချလိုက်ပြီး တရားစီရင်ခြင်းကို ဘုရားသခင်၏ လက်တော်၌ အပ်နှံရန် ဆုံးဖြတ်လိုက်ခြင်းပါ။ 

ထိုသို့ ခွင့်လွှတ်ခြင်းသည် အခြားသူကိုသာ လွတ်မြောက်စေခြင်းမဟုတ်ဘဲ၊ မိမိ၏နှလုံးသားကိုလည်း လွတ်မြောက်စေတယ်။

ယနေ့တွင် သခင်ယေဇူးသည် ကျွန်ုပ်တို့ကို မေးခွန်းတစ်ခု မေးတော်မူတယ်။ ထိုမေးခွန်းက“ငါ ခွင့်မလွှတ်ရသေးသောသူ တစ်စုံယောက် ရှိနေသလား " ဆိုတဲ့မေးခွန်းပါပဲ။

သခင်ခရစ်တော်က ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့၊ ကျွန်ုပ်တို့လည်း အခြားသူများကို ခွင့်လွှတ်နိုင်ရန် လိုအပ်သော ကျေးဇူးတော်ကို တောင်းခံကြပါစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့၏ အသက်တာသည် မိမိတို့ကိုယ်တိုင် ခံယူရရှိခဲ့သော ဘုရားသခင်၏ ကရုဏာတော်ကို ပြသနိုင်ကြပါစေ။

Daily Reflection