4 August 2026 Tuesday
18th Week in Ordinary Time
Matthew 15: 1 - 2, 10 -14
Reflection by Padre Pietro, MSP
Posted By Sr. Maria Ni Ni, MSP
" စစ်မှန်သောသန့်ရှင်းခြင်းသည် အပြင်အပ ကျင့်စဉ်များမှ မဟုတ်ဘဲ စိတ်နှလုံးမှ လာခြင်းဖြစ်တယ်။"
ဒီနေ့ ဧဝံဂေလိတရားတော်တွင် ဖာရီေဇဦးတွေကသခင်ယေဇူးရဲ့တပည့်တွေကအစာ မစားမီ လက်ဆေးရသော ရိုးရာဓလေ့ကိုလိုက်နာခြင်းမရှိသောအကြောင်းကို ဝေဖန်ကြသောအခါ ယေဇူးက ပိုမိုလေးနက်နက်သော အမှန်တရားကို သွန်သင်ပေးတော်မူတယ်ဆိုသောအချက်ပါပဲ။
ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့ကို သန့်ရှင်းစေသောအရာမှာ အပေါ်ယံ အပြင်ပန်းကျင့်စဉ်များ မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးအခြေအနေပဲ ဖြစ်ပါတယ်။
ယေဇူးက ရိုးရာဓလေ့များကို အရေးမကြီးဟု ဆိုလိုခြင်းမဟုတ်ပါ။ အသင်းတော်တွင် ယုံကြည်ခြင်း တိုးပွားစေရန် အထောက်အကူပြုသော လှပသည့် ရိုးရာဓလေ့များစွာကို တန်ဖိုးထားပါတယ်။ သို့သော်လည်း ယေဇူးကဘာသာတရားကို အပေါ်အယံ အပြင်ပန်းကျင့်စဉ်များ အဖြစ်သာ လျှော့ချမထားကြရန် သတိပေးတော်မူခြင်းသာဖြစ်တယ်။
ကျွန်ုပ်တို့တွေ နေ့စဉ်မစ္ဆားတရားတော်မြတ်တွင်ပါဝင်နိုင်ခြင်း၊စိပ်ပုတီးကိုမှန်မှန်စိပ်ခြင်း သို့သော် စိတ်နှလုံးထဲတွင်အမျက်ဒေါသ၊ မာန၊ မနာလိုစိတ်တွေနဲ့ ခွင့်မလွှတ်နိုင်သောစိတ်တွေကိုဆက်လက်ထိန်းသိမ်းထားပါကဘုရားသခင်အလိုတော်နှင့်မကိုက်ညီနိုင်ပါဘူး။ဘုရားသခင်ကကျွန်ုပ်တို့ရဲ့အပြင်ပန်းကိုမကြည့်မီစိတ်နှလုံးကိုအရင်ကြည့်တော်မူပါတယ်။
ဒီ့အတွက်ေကြာင့် ဒီနေ့ ကျွန်ုပ်တို့တွေ
“အို အရှင်ဘုရား၊ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေတော်မူပါ” ဟု ဆုတောင်းကြပါစို့။ ကျွန်ုပ်တို့ရဲ့ အပြင်ပန်းယုံကြည်ခြင်း ကျင့်စဉ်များက ဘုရားသခင်အပေါ်ထားသော အတွင်းစိတ်ချစ်ခြင်းမေတ္တာ၏ စစ်မှန်သော ထင်ဟပ်မှု ဖြစ်ပါစေ။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့ရဲ့အသက်တာသည် ခရစ်တော်ကို သက်သေခံသော အသက်ရှင်သည့် သက်သေဖြစ်လာမှာဖြစ်ပြီး၊ လူများကို မိမိတို့ထံသို့ မဟုတ်ဘဲ ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော လမ်းပြကြယ်များ ဖြစ်လာကြပါလိမ့်မယ်။