1 August 2026 Saturday
17th Week in Ordinary Time
Matthew 14: 1 - 12
Reflection by Padre Pietro ( MSP )
Posted by Sr. Maria Ni Ni, MSP
"အမှန်တရားကို ရဲဝံ့စွာပြောဆိုခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာတည်ရှိခြင်း "
ယနေ့ ဧဝံဂေလိတရားတွင် ယောဟန်ဘတ္တစတားသည် အမှန်တရားကို ရဲဝံ့စွာ ဟောပြောခဲ့သောကြောင့် အသက်စွန့်ခဲ့ရတယိ။ ဤကဲ့သို့ အမှန်တရားကိုပြောဆိုခြင်း၏ အကျိုးဆက်ကို သိရှိနေသော်လည်း၊ မိမိ၏ဘဝ လုံခြုံမှုနှင့် အသက်ကို ဦးစားမပေးဘဲ ဘုရားသခင်၏ ပညတ်တရားအပေါ် သစ္စာတည်ကြည်စွာ ရပ်တည်ခဲ့ပါတယ်။
ဒီနေ့ဧဝံဂေလိတရားတော်မြတ်က ကျွန်ုပ်တို့တစ်ဦးစီအား မိမိတို့ရဲ့ စိတ်နှလုံးကို ပြန်လည်ဆန်းစစ်ရန် ဖိတ်ခေါ်နေပါတယ်။
* အမှန်တရားအတွက် ရပ်တည်ရန် လိုအပ်သောအခါ၊ ခက်ခဲနေသော်လည်း ကျွန်ုပ်တို့၌ ရဲစွမ်းသတ္တိ ရှိပါသလား။
* ကျွန်ုပ်တို့၏ မိသားစုများတွင်၊ ဘာသာရေးအသိုင်းအဝိုင်းများတွင်၊ အလုပ်ခွင်များတွင် အမှန်တရားကို ပြောဆိုသင့်သည့်အချိန်၌ တိတ်ဆိတ်နေလိုစိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။
သို့မဟုတ် အခြားသူများ၏ နှစ်သက်လက်ခံမှုကို ရရှိရန်အတွက် မိမိတို့၏ ခရစ်ယာန်ယုံကြည်မှုနှင့် တန်ဖိုးများကို အလျှော့ပေးရန် စုံစမ်းနှောင့်ယှက်ခြင်းကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီအတွက်
*ယောဟန်ဘတ္တစတား၏ ကြားဝင်ဆုတောင်းပေးခြင်းကို တောင်းခံကြပါစို့။
* ဧဝံဂေလိတရားအတွက် သက်သေခံရန် ဘယ်သောအခါမျှ မကြောက်ရွံ့သောသူများ ဖြစ်စေရန် ဆုတောင်းကြပါစို့။
*ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိတို့ရဲ့ဘဝ အဆင်ပြေမှုထက် အမှန်တရားကို ရွေးချယ်နိုင်သော သတ္တိ၊
*လူကြိုက်များခြင်းထက် သစ္စာတည်ရှိခြင်းကို ရွေးချယ်နိုင်သော ယုံကြည်ခြင်း၊
*အရာခပ်သိမ်းထက် ဘုရားသခင်၏ အလိုတော်ကို ဦးစားပေး လိုက်လျှောက်နိုင်သော ကျေးဇူးတော် ကို ပေးသနားတော်မူပါစေဟု တောင်းခံကြပါစို့။