30 July 2026 Thursday
17th Week in Ordinary Time
Matthew 13: 47 - 53
Reflection by Society of Jesus ( S. J )
Posted by Sr. Maria Ni Ni, MSP
(စီစစ်ရွေးချယ်ခြင်း)
ဒီနေ့ ကျမ်းပိုဒ်မှာသခင်ယေဇူးက ကောင်းကင်နိုင်ငံတော်ကို ပင်လယ်ထဲချထားပြီး ငါးအမျိုးမျိုးကို မိတဲ့ပိုက်ကွန်ကြီးတစ်ခုနဲ့ ပုံဥပမာကိုသွန်သင် ခဲ့ပါတယ်။ ဒီနှုတ်ကပါဌ်တော်ကနေ အဓိက အချက် (၃) ချက်ကို ထောက်ရှု ဆင်ခြင် ကြည့်ရအောင်။
ပထမဆုံးအနေနဲ့လူတိုင်းကိုဘုရားသခင် ဖိတ်ခေါ်နေပါတယ်။ ပိုက်ကွန်ထဲကို ငါးအမျိုးမျိုးဝင်သလိုပဲ၊ဘုရားသခင်ရဲ့အသင်းတော်နဲ့ နိုင်ငံတော်ဟာလူမျိုး၊အဆင့်အတန်း မရွေး လူသား အားလုံးကို ကျေးဇူးတော်နဲ့ လာခွင့် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖိတ်ခေါ်သံကို လူတိုင်း ကြားသိ နိုင်ပါစေ။
ဒုတိယ အနေနဲ့ တရားမျှတတဲ့ စစ်ကြော် တရား စီရင်ခြင်း အကြောင်း ဖြစ်တယ်။ ပိုက်ကွန်ကို ကမ်းပေါ် ဆွဲတင်တဲ့အခါ ငါးကောင်းတွေကို ပလိုင်းထဲ ထည့်ပြီး၊ ငါးဆိုး တွေကိုတော့ လွှင့်ပစ် ကြပါတယ်။ တနည်းအားဖြင့် ကျွန်ုပ် ရွေးချယ် လုပ်ဆောင်တဲ့ အရာအတိုင်း ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဘဝ အဆုံးမှာလည်း ဘုရားသခင်ဟာ ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူကို ကောင်းကင် တမန်များ အားဖြင့် တရားမျှတစွာ ခွဲခြား စစ်ဆေး ပါလိမ့်မယ်။
နောက်ဆုံး အချက်အနေနဲ့ အမှန်တရားကို နားလည် ကျင့်ကြံ လိုက်လျှောက်ခြင်း ဖြစ်တယ်။ ကိုယ်တော်က တပည့် တော်တွေကို "ဒီအရာ တွေကို နားလည်သလား" လို့ မေးခဲ့ ပါတယ်။ တရားတော်ကို ကြားရုံတင် မကဘဲ နှလုံးသွင်း နားလည်ပြီး ဘဝမှာ လက်တွေ့ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ပိုက်ကွန်တော် ထဲမှာ ရောက်ရှိ နေကြ သူတွေပါ။ ဒါကြောင့် စစ်ကြော စီရင်မယ့်နေ့မှာ လွှင့်ပစ်ခြင်း ခံရတဲ့ ငါးဆိုးတွေ မဖြစ်ဘဲ၊ နေ့စဉ် အသက်တာမှာ နှုတ်ကပါဌ်တော် အတိုင်း သစ္စာရှိရှိ အသက်ရှင်ကာ ဘုရားသခင် နှစ်သက်တဲ့ "ငါးကောင်း" တွေ ဖြစ်ကြ ပါစို့။