Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-28 03:14:42

29 July 2026 Wednesday

17th Week in Ordinary Time

John 11: 19 - 27

Reflection by Society of Jesus ( S.J )

Posted by Sr. Maria Ni Ni, MSP

 

 (ရှင်ပြန်ထမြောက်တဲ့ အသက်တာ) 

ဒီနေ့ ကျမ်းပိုဒ်မှာ မာသဟာ သူမရဲ့မောင် လာဇရု သေဆုံးသွားလို့ ဝမ်းနည်း ပူဆွေး နေရချိန်မှာ သခင်ယေဇူးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ စိတ်မကောင်းစရာ အခြေအနေ ကြားထဲကနေ ထွက်ပေါ်လာတဲ့ မာသရဲ့ ယုံကြည်ခြင်းနဲ့ ကိုယ်တော့်ရဲ့ ကတိတော်ကနေ အဓိကအချက် (၃) ချက်ကို ထောက်ရှု ဆင်ခြင် ကြည့်ရအောင်။

ပထမဆုံး အနေနဲ့ ကျွန်ုပ်တို့ဟာ ပျက်စီး ဆုံးရှုံးမှုကြားက ယုံကြည်ခြင်းနဲ့ ရှင်သန်ကြဖို့ ဖြစ်တယ်။ မာသက "ကိုယ်တော် ရှိနေရင် ကျွန်မမောင် သေမှာမဟုတ်ဘူး"လို့ပြောခဲ့ပေမယ့်၊ အခုအချိန်မှာတောင် ဘုရားသခင်ဟာ ကိုယ်တော့် စကားကို နားညောင်း မယ်ဆိုတာကို ယုံကြည် ခဲ့ပါတယ်။ ဘဝရဲ့ အမှောင်ဆုံး အချိန်မှာ ဘုရားသခင်ဆီ အရင်ဆုံး ယုံကြည်စွာနဲ့ တိုးဝင် ခိုလှုံကြဖို့ လိုအပ်ပါတယ်။

ဒုတိယ အချက် အနေနဲ့ ကျွန်ုပ်တို့ ယုံကြည်တဲ့ ဘုရားသခင်ဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ အသက်ရှင်တဲ့ ဘုရားသခင် ဖြစ်ပါတယ်။ သခင်ယေဇူးက "ငါသည် ရှင်ပြန်ထမြောက်ခြင်း အကြောင်း၊ အသက် အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေပြီး သော်လည်း အသက်ရှင် လိမ့်မည်" လို့ အံ့ဩဖွယ်ရာ ကတိတော်ကို ပေးခဲ့ပါတယ်။ ကိုယ်တော်ဟာ သေခြင်းတရားကို အောင်နိုင်တဲ့အရှင် ဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ယုံကြည်ခြင်းကို စစ်မှန်စွာ ဝန်ခံဖို့ ဖြစ်တယ်။ ကိုယ်တော်က "ဤအရာကို ယုံသလော" လို့ မေးတဲ့အခါ၊ မာသက ကိုယ်တော်ဟာ လောကသို့ ကြွလာမည့် ဘုရားသခင်၏ သားတော် ခရစ်တော် ဖြစ်ကြောင်း ရဲရင့်စွာ ဝန်ခံ ခဲ့ပါတယ်။ ဒါကြောင့် ဘဝမှာ မျှော်လင့်ချက် မဲ့နေသလို ခံစား နေရပါသလား။ သေခြင်း တရားထက် ကြီးမြတ်တဲ့ သခင်ယေဇူးဟာ ကျွန်ုပ်တို့ရဲ့ အသက်အရှင် ဖြစ်တာကြောင့် မာသလိုမျိုး ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ ကိုယ်တော့်ကို ကိုးစားပြီး ဘဝရဲ့ ရှင်သန်ခြင်း အခွင့်ကို ရယူ ကြပါစို့။

Daily Reflection