Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-25 01:00:59
26 July 2026

Seventeenth Sunday in Ordinary Time

Matthew 13: 44 - 52

Reflection by Society of Jesus ( S.J )

Posted by Sr. Maria Ni Ni, MSP

 

 (မွန်မြတ်သောနိုင်ငံတော်) 

ဒီနေ့ကျမ်းပိုဒ်မှာ သခင်ယေဇူးကကောင်းကင်နိုင်ငံတော်ရဲ့တန်ဖိုးဖြတ်မရနိုင်ကြောင်းကို ဝှက်ထားသောဘဏ္ဍာ၊ပုလဲရတနာနဲ့ ပိုက်ကွန် ပုံပမာတွေနဲ့ သွန်သင်ထားပါတယ်။ ဒီနှုတ်ကပါဌ်တော်ကနေ ထောက်ရှုဆင်ခြင်စရာ အဓိကအချက် (၃) ချက် ရှိပါတယ်။ 

ပထမဆုံး အနေနဲ့ ကောင်းကင်နိုင်ငံတော်ဟာ အရာရာကို စွန့်လွှတ် ရလောက်အောင် တန်ဖိုးကြီး ပါတယ်။ လယ်ပြင်မှာ ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ အဖိုးတန် ပုလဲကို တွေ့တဲ့သူတွေဟာ မိမိတို့ ပိုင်ဆိုင်သမျှကို ဝမ်းမြောက်စွာ ရောင်းချပြီး အဲဒီရတနာကို ဝယ်ယူ ခဲ့ကြပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ လောကီစည်းစိမ် အားလုံးထက် ပိုမိုတန်ဖိုး ရှိပါတယ်။ 

ဒုတိယအချက် အနေနဲ့ ကောင်းကင်နိုင်ငံကို ရှာတွေ့သူဟာ အရာရာကို ဝမ်းမြောက်စွာ စွန့်လွှတ်ရဲတယ်။  ဒါကြောင့် ကျွန်ုပ်တို့ ဘုရားသခင် နောက်လိုက်ဖို့ အချို့အရာတွေကို စွန့်လွှတ် ရတဲ့အခါ နှမြောစိတ်နဲ့ မဟုတ်ဘဲ၊ ထာဝရ အသက်ကို ရရှိမယ့် ဝမ်းမြောက်ခြင်း စိတ်နဲ့ စွန့်လွှတ် ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လောကီ အလုပ်အကိုင်ကနေ ရရှိလာတဲ့ ငွေကြေးထဲက ဆယ်ပို့တစ်ပို့ကို ဘုရားသခင်ကို ရက်ရော ဂုဏ်ယူစွာ ပြန်လှူခြင်း အားဖြင့် ဘုရားရဲ့ ကျေးဇူးတော် ပိုခံစား ရပါတယ်။ 

နောက်ဆုံးအချက် အနေနဲ့ တရားစီရင်ခြင်းနဲ့ ခွဲခြားခြင်း အတွက် ပြင်ဆင်ထားရပါမယ်။ ပိုက်ကွန်ထဲက ငါးကောင်းနဲ့ ငါးဆိုးကို ခွဲခြားသလို၊ ဒါမှမဟုတ် လယ်ကွင်းထဲက အတူပေါက်တဲ့ စပါးပင်နဲ့ ပေါင်းပင်ကို ခွဲခြားသလို လောက အဆုံးမှာလည်း ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူကို ခွဲခြားမယ့် တရားစီရင်ခြင်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် လောကီရေးရာနောက် တကောက်ကောက် လိုက်မနေဘဲ၊ အဖိုးတန်ဆုံးဖြစ်တဲ့ သခင်ယေဇူးနဲ့ ကိုယ်တော့် နိုင်ငံတော်ကို ဝမ်းမြောက်စွာ ပထမဆုံး ရှာဖွေ သိမ်းပိုက် ကြပါစို့။

Daily Reflection