19 July 2026
16thSunday in Ordinary Time
Matthew 13: 24-43
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
(စပါးကောင်းနဲ့ ပေါင်းပင်)
ဒီနေ့ကျမ်းပိုဒ်မှာ သခင်ယေဇူးက ကောင်းကင်နိုင်ငံတော် အကြောင်းကို လယ်ကွင်းထဲက စပါးနဲ့ ပေါင်းပင် ပုံပမာ အားဖြင့် သွန်သင် ထားပါတယ်။ လောကမှာ ကောင်းတာရော ဆိုးတာရော ဒွန်တွဲနေတဲ့ အပေါ် ဘုရားသခင်ရဲ့ အမြင်ကို ဆင်ခြင်ဖို့ အဓိကအချက် (၃) ချက် ရှိပါတယ်။
ပထမအချက် အနေနဲ့ ဘုရားသခင်ဟာ စိတ်ရှည် သည်းခံံခြင်းနဲ့ ပြည့်စုံတယ်။ လယ်ကွင်းရှင်သခင်ဟာ စပါးပင်တွေ ထိခိုက်မှာစိုးလို့ ပေါင်းပင်တွေကို ချက်ချင်း မနုတ်ပစ်ဘဲ ရိတ်သိမ်းချိန်အထိ အတူတူကြီးထွားခွင့်ပေးခဲ့ပါတယ်။ ဒါဟာလူဆိုးတွေကျွန်ုပ်တို့လို အားနည်းသူတွေနောင်တရလာဖို့ ဘုရားသခင်ကအချိန်ပေးပြီး သည်းခံနေခြင်း ဖြစ်ပါတယ်။
ဒုတိယ အနေနဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ရုန်းကန် ရှင်သန် တည်ဆောက်ရတဲ့ ခရစ်ယာန် အသက်တာမှာ ပါရမီတွေက ချက်ချင်း ပွားများလာတာ မဟုတ်ဘဲ ဖြည်းဖြည်းခြင်း တိုးပွားလာတာပါ။ ဒါကြောင့် သခင်ယေဇူးက မုန်ညင်းစေ့နဲ့ တဆေး ပုံပမာနဲ့ ခိုင်းနှိုင်း ထားပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ အစမှာ သေးငယ်ပုံ ရပေမယ့်လည်း အချိန်တန်ရင် အံ့ဩစရာ ကောင်းလောက်အောင် လောကကြီးကို လွှမ်းမိုး ပြောင်းလဲ စေမှာ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ လောက အသက်တာ ကုန်ဆုံး သွားချိန်မှာ လူတိုင်း တရားစီရင်ခြင်းကို ခံရမှာ ဖြစ်တယ်။ အထူးသဖြင့် ကိုယ်တော်က ပေါင်းပင်နဲ့တူတဲ့ လူဆိုးတွေကို မီးရှို့ဖို့ ဖယ်ထုတ်ပြီး၊ စပါးကောင်းနဲ့တူတဲ့ ရိုးသား ဖြောင့်မတ်သူတွေ ကိုတော့ ကောင်းကင် ကျီတော်ထဲ သိမ်းဆည်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကမှာ မတရား မှုတွေ ရှိနေပေမယ့် စိတ်ပျက် အားမငယ်ပါနဲ့။ ကျန်ုပ်တို့ ကိုယ်တိုင် ဘုရားသခင် အလိုရှိတဲ့ "စပါးကောင်း (ခရစ်ယာန်ကောာင်း/ နောက်လိုက်ေကာင်း)" တွေအဖြစ် အမြစ်စွဲ ရှင်သန်ပြီး၊ အချိန်တန်ရင် ဘုရားသခင်ရဲ့ နိုင်ငံ တော်မှာ နေမင်းကြီးလို ထွန်းလင်း တောက်ပမယ့်သူတွေ ဖြစ်အောင်ကြိုးစားကြပါစို့။