Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-14 02:55:31
18 July 2026 Saturday

15th Week in Ordinary Time

Matthew 12: 14 -20

Reflection by Society of Jesus ( S.J )

Posted by Sr. Maria Ni Ni, MSP

 

 

 (နူးညံ့စွာအောင်နိုင်ခြင်း) 

ဒီနေ့ ကျမ်းပိုဒ်မှာ ဖာရိရှဲတွေက သခင်ယေဇူးကို သတ်ဖို့ ကြံစည် ကြတဲ့အခါ ကိုယ်တော်က ရန်မလုပ်ဘဲ တိတ်ဆိတ်စွာ ရှောင်ထွက် သွားခဲ့ပါတယ်။ ဒါဟာ ဟေရှာယ ပရောဖက်ပြုချက် အတိုင်း ဖြစ်လာတာပါ။ ဒီကနေ ဆင်ခြင်စရာ အချက် (၃) ချက် ရှိပါတယ်။ 

ပထမဆုံး အချက် အနေနဲ့ ကျွန်ုပ်တို့ရဲ့ သခင်ေယဇူးဟာ နူးညံ့သိမ်မွေ့တဲ့ ဘုရားရှင် ဖြစ်တယ်။ သခင်ယေဇူးဟာ လောကရဲ့အာဏာရှင်တွေလို ဆဲဆို အော်ဟစ် အနိုင်ကျင့်တာ၊ ရန်တွေ့ တာမျိုး မလုပ်ပါဘူး။ ကိုယ်တော်ဟာ တိတ်ဆိတ်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတော် အားဖြင့်သာ အဖခမည်းတော်ရဲ့ အလိုတော်ကို ဆောင်ရွက် ပါတယ်။ နူးညံ့သိမ်မွေတဲ့ သခင်ယေဇူး နောက်တော်ကို လိုက်လျှောက်ကြတဲ့ ခရစ်ယာန် အားလုံးရဲ့ အပြောအဆိုနဲ့ အပြုအမူတွေဟာလည်း ချစ်ခြင်း မေတ္တာပြသရင်း ဘုရားရဲ့ သက်သေခံတွေ ဖြစ်အောင် ကြိုးစားကြပါစို့။ 

ဒုတိယ အနေနဲ့ သခင်ယေဇူး ဘုရားရှင်ဟာ စာနာစိတ်နဲ့ ကူညီ နှစ်သိမ့်ပေးသူ ဖြစ်တယ်။ ကိုယ်တော်ဟာ "ကျိုးပဲ့နေတဲ့ ကျူပင်ကို မချိုး၊ အငွေ့ထွက်နေတဲ့ မီးစာကို မငြိမ်းစေသူ" ဖြစ်ပါတယ်။ အားနည်းသူ၊ စိတ်ဒဏ်ရာ ရနေသူတွေကို နှိပ်စက်မယ့်အစား စာနာသနား၊ နူးညံ့စွာ ထိန်းကျောင်း မစပေးသူ ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ အနီးအနားမှာ နေထိုင်ကြတဲ့ တခြားသူတွေကို စာနာသနားပြီး ဖေးမကူညီသူတွေဖြစ်နိုင်ကြပါစေ။ 

နောက်ဆုံး အနေနဲ့ သခင်ယေဇူးဟာ လူမျိုးတကာတို့ရဲ့ မျှော်လင့်ရာ ဖြစ်တယ်။ ကိုယ်တော်ဟာ ဂျူးလူမျိုး တင်မကဘဲ လောက တစ်ခွင်လုံးမှာရှိတဲ့ လူမျိုးအားလုံးဆီ တရားမျှတမှုနဲ့ ကယ်တင်ခြင်း မျှော်လင့်ချက်ကို သယ်ဆောင် လာပေးတဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ခက်ခဲနေတဲ့ အချိန်မျိုးမှာ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံး ကျိုးပဲ့ နာကျင်ခြင်းနဲ့ အားငယ်ခြင်းတွေကို ထွေးပွေ့မယ့် သခင်ယေဇူးရဲ့ နာမတော် အားဖြင့် ဘုရားသခင်ရဲ့ နူးညံ့ သိမ်မွေ့မှုကို အတုယူပြီး လောကရဲ့ စိန်ခေါ်မှုတွေကို မေတ္တာနဲ့ အောင်နိုင်အောင် ကြိုးစားကြပါစို့။

Daily Reflection