17 July 2026 Friday
15th Week in Ordinary Time
Matthew 12: 1-8
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
(ထုံးတမ်းထက်မြတ်တဲ့ကရုဏာတရား)
ဒီနေ့ကျမ်းပိုဒ်မှာ သခင်ယေဇူးရဲ့ တပည့်တော်တွေဟာ ဥပုသ်နေ့မှာ ဆာလောင် နေကြတာကြောင့် စပါးနှံတွေကို ဆွတ်ခူးပြီး စားခဲ့ကြပါတယ်။ ဒါကို ဖာရိရှဲတွေက အပြစ်တင်ကြတဲ့အခါ ကိုယ်တော်က ဘုရားသခင်ရဲ့ စစ်မှန်တဲ့ အလိုတော်ကို ပြန်လည် သွန်သင် ခဲ့ပါတယ်။ အဓိကအချက် (၃) ချက်ကို ဆင်ခြင်ကြည့်ရအောင်။
ပထမဆုံး အနေနဲ့ ဘာသာရေ ထုံးတမ်းတွေထက် လူ့လိုအပ်ချက်က ပိုအရေးကြီး ပါတယ်။ အဲဒါကို ပိုနားလည်အောင် ဒါဝိဒ်မင်းကြီး ဆာလောင်စဉ်က ဗိမာန်တော်မုန့်ကို စားခဲ့တဲ့ သာဓကကို သခင်ယေဇူး ထောက်ပြ ဆုံးမ ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တရားဟာ လူသားတွေကိုပိတ်လှောင်ထိန်းချုပ်ဖို့မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာတရား တိုးပွားလာအောင် ကြိုးစားရင်း ကျေးဇူးတော် တောင်းခကြပါစို့။
ဒုတိယအနေနဲ့ ဘုရားသခင်ကယဇ်ပူဇော်ခြင်းထက်ကရုဏာကိုအလိုရှိပါတယ်။ဘုရားသခင်ဟာအပေါ်ယံဘာသာရေးထုံးတမ်း၊စည်းကမ်းတွေကိုအရမ်းတင်းကျပ်ပြတာထက်စာရင် သူတစ်ပါး အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းနဲ့ ကရုဏာစိတ်ကို ပိုပြီး နှစ်သက် တော်မူတယ်။ ဒါကြောင့် လူတွေ ပိုခက်ခဲ၊ ပိုဒုက္ခတွေ့စေမယ့် အရမ်း တင်းကျပ်တာထက် သခင်ယေဇူးရဲ့ ကရုဏာတရားကို အတုယူ ကျင့်ကြံနိုင်အောင် ကြိုးစား ကြပါစို့။
ဒုတိယ အနေနဲ့ ဘုရားသခင်ဟာ ဥပုသ်နေ့ထက် ကြီးမြတ်သော သခင်ဖြစ်တယ်။ သခင်ယေဇူးဟာ ဗိမာန်တော်ထက် ကြီးမြတ်သလို၊ ဥပုသ်နေ့ကိုလည်း အစိုးရတဲ့ အရှင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည် ကိုးကွယ်ခြင်း ဗဟိုချက်ဟာ စည်းကမ်းတွေ မဟုတ်ဘဲ ဘုရားရှင် ကိုယ်တော်တိုင် ဖြစ်ရပါမယ်။ ဒါကြောင့် စည်းကမ်းတွေထက် နှိမ့်ချခြင်း၊ မေတ္တာထားခြင်းနဲ့ ကရုဏာ သက်ရောက်ခြင်းကို ရှေ့တန်းတင်ပြီး သခင်ယေဇူးရဲ့ အလိုတော်အတိုင်း အသက်ရှင်ကြပါစို့။