Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-07 00:26:51
  8 July 2026 Wednesday

14 Week in Ordinary Time

Matthew 10: 1- 7

Reflection by Society of Jesus ( S.J )

Posted by Sr. Maria Ni Ni, MSP

 အခွင့်အာဏာနဲ့စေလွှတ်ခြင်း 

ဒီကျမ်းချက်ထဲမှာ သခင်ယေဇူးက တမန်တော်ကြီး (၁၂)ပါးကို ခေါ်ယူ ရွေးကောက်ပြီး စေလွှတ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သတင်းကောင်းဟောကြားကာ မှောင်မိုက် တန်ခိုးတွေကိုနှင်ထုတ်ဖို့နဲ့ ရောဂါဝေဒနာတွေကို  ငြိမ်းစေဖို့အတွက် အခွင့်အာဏာပေးအပ် စေလွှတ်ခဲ့တာဖြစ်ပါတယ်။ 

ပထမဆုံးအချက် အနေနဲ့ ဘုရားပေးတဲ့ တန်ခိုးနဲ့ အခွင့်အာဏာဟာ ကုသဖြေလွှတ်ဖို့ ဖြစ်တယ်။ အာဏာနဲ့ သူများကို ချီးနှောင်ဖို့ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီအခွင့်အာဏာကို အသုံးပြုပြီး လောကီ ဆိုးညစ်မှုတွေနဲ့ အခက်အခဲ၊ နှောင့်ယှက်ခြင်းတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဝိညာဉ်အာဟာရ ခွန်အားအဖြစ် အသုံးချရမှာဖြစ်ပါတယ်။ 

ဒုတိယ အနနဲ့ ဘုရားသခင်က ကျွန်ုပ်တို့လို အားနည်းနေတဲ့ တမန်တော်ကြီး တွေကို ရွေးကောက် ခဲ့တာ ဖြစ်ပါတယ်။ ပြည့်စုံသူတွေကို မခေါ်ဘူး။ ဒါကြောင့် တပည့်တော်တွေရဲ့ အမည်စာရင်းကို ကြည့်လိုက်ရင် စရိုက်စုံလင်ပြီး အားနည်းတဲ့ သာမန် လူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ စိတ်နှလုံး နှိမ့်ချသူတွေပါ။ မိမိကိုယ်ကို စုံလင်သလို မာနထောင်လွှား သူတွေကို မခေါ် ပါဘူး။ ဒီနေ့ ဘုရားသခင်ရဲ့ ခေါ်သံကို စိတ်နှိမ့်ချခြင်းနဲ့ ထူးပြီး မိမိအားနည်းချက်တွေကို ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဖြည့်ဆည်း အသက်ရှင် ကြပါစို့။ 

နောက်ဆုံး အနေနဲ့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော် အကြောင်း၊ "ကောင်းကင် နိုင်ငံတော် တည်လုနီးပြီ" ဆိုတဲ့ သတင်းကောင်း ကြေညာ ဟောပြောဖို့  စေလွှတ်ခြင်း ခံရတာဖြစ်တယ်။ ဒီနေ့ သခင်ယေဇူးက ကျွန်ုပ်တို့ရဲ့ နာမည်တစ်ခုဆီကိုခေါ်ယူပြီး အခွင့်အာဏာပေးအပ်ကာစေလွှတ်နေပါတယ်။ ဒါကြောင့်ယုံကြည်၊ မျှော်လင့်ခြင်းနဲ့ ကယ်တင်ခြင်း သတင်းကောင်းကို ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဟောပြောသက်သေခံကြပါစို့။







 

Daily Reflection