Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-06 03:34:17
7 July 2026 Tuesday

14th Week in Ordinary Time

Matthew 9: 32 - 38

Reflection by Society of Jesus (S.J)

Posted by Sr. Maria Ni Ni, MSP

(သနားကြင်နာသော သိုးထိန်း) 

ဒီကျမ်းချက်ထဲမှာ သခင်ယေဇူးဟာ နတ်ဆိုးစီး ခံရပြီး ဆွံ့အနေသူတစ်ဦးကို ကုသပျောက်ကင်းစေပြီးနောက် လူအုပ် ပရိတ်ကြီးကို ကြည့်ရင်း သနားစိတ်နဲ့ “အသီးအနှံ ရိတ်သိမ်းစရာ များစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကာ နည်းပါးကြ၏” လို့ မိန့်ကြား ဖိတ်ခေါ်ထားပါတယ်။ ဆွံ့အနေသူကို နှုတ်ပွင့်လာအောင် ကုသပေးတဲ့ သခင်ယေဇူးဟာ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးမှာ ဘုရားသခင်ကို ကြိုဆို လက်ခံဖို့ အဟန့်အတားတွေကို ဖွင့်ပေး နိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲ ဘုရားရှင် ဖွင့်ပေးနေတဲ့ အရာတွေကို နှိမ့်ချစွာ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို နှိမ့်ချနိုင်ဖို့အတွက် ဆုတောင်းခြင်းလည်း လိုအပ်ပါတယ်။ ပြီးတော့ သိုးထိန်းမဲ့ နေတဲ့ လူအုပ်ကြီးဟာ ပင်ပန်းနွမ်းနယ်နေတာကို သခင်ယေဇူး သနားကြင်နာစိတ်နဲ့  ကြည့်ရှု စောင့်မ တော်မူပါတယ်။ အဲဒီလို သိုးစု လူအုပ်ကြီးကို လက်တွေ့ ကြည့်ရှု စောင့်ရှောက်ဖို့ အမှုဆောင်မယ့် သူတွေကိုလည်း သတိထားမိတာကြောင့် သိုးစုတွေ ကိုယ်တိုင်လည်း ဆု‌တောင်းခြင်း အားဖြင့် ဘုရားသခင်ဆီ အကူအညီ တောင်းခံကြဖို့ အားပေး ထားပါတယ်။ အကောင်းဆုံးကတော့ ကျွန်ုပ်တို့ တစ်ဦးစီဟာ ဘုရားသခင်ရဲ့ လယ်ကွင်းမှာ စပါးရိတ်သိမ်းဖို့ တာဝန် ကိုယ်စီ ရှိကြပါတယ်။ ဘုရားသခင်ရဲ့ သားသမီးအဖြစ် ဆေးကြောခြင်း ခံယူစဥ် ရရှိထားတဲ့ သတင်းကောင်း ဖြန့်ဝေရင်း စပါးရိတ်သိမ်းရမယ့် တာဝန်ကို ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကြိုးစား ဖြည့်ဆည်း ကြပါစို့။ 

 

 

Daily Reflection