Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-05 04:36:51
6 July 2025 Monday

14th Week in Ordinary Time

Matthew 9: 18 - 26

Reflection by Society of Jesus (S.J)

Posted by Sr. Maria Ni Ni, MSP

 (ယုံကြည်ခြင်းရဲ့ အစွမ်းတန်ခိုး) 

ဒီကျမ်းချက်ထဲမှာ အရာရှိသမီးနဲ့ သွေးသွန်နာ စွဲကပ်နေသူကို သခင်ယေဇူး ကုသပေး ခဲ့ပါတယ်။ အထူးသဖြင့် ဖျားနာပြီး အကျပ်အတည်းနဲ့ ကြုံနေရသူ နှစ်ဦးရဲ့ ယုံကြည်ခြင်း အပေါ် သခင်ယေဇူးက တန်ခိုးတော်နဲ့ တုံ့ပြန် ကုသပေး ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း “သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ”လို့ မိန့်ကြား ခဲ့တယ်။ 

ဇွဲလုံ့လရှိကာ စိတ်အား ထက်သန်သော ယုံကြည်ခြင်းက ကုသခြင်း တန်ခိုးကို ပေးစွမ်းနိုင်တယ်။ အရာရှိနဲ့  ဝေဒနာသည် အမျိုးသမီးတို့ဟာ အခြေအနေတွေ ဆိုးရွားနေပေမယ့် သခင်ယေဇူးဆီ မျှော်လင့်ချက် အပြည့်နဲ့  တိုးဝင် ခဲ့ကြတယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဥ် အသက်တာမှာ သခင်ယေဇူးဆီ ဘယ်လို တိုးဝင် ခိုလှုံနေပါသလဲ။ 

သခင်ယေဇူးမှာ သေခြင်း တရားထက် ပိုကြီးတဲ့ တန်ခိုး လက္ခဏာ ရှိတယ်။ သခင်ယဇူးက ရောဂါဝေဒနာကို ကုသပေးရုံ သာမက သေခြင်းတရားကိုပါ အောင်နိုင်တဲ့ အသက်သခင် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အခြေအနေ အမျိုးမျိုးကြောင့် ဘယ်လိုပဲ မျှော်လင့်ချက် မဲ့နေပါစေ၊ ယုံကြည်ခြင်းနဲ့ သခင်ယေဇူးဆီ တိုးဝင်ပြီး ကိုယ်တော်ရဲ့ အံ့သြဖွယ်ရာ တန်ခိုးလက္ခဏာတွေကို ရှာဖွေ ရှင်သန် ကြပါစို့။

Daily Reflection