5 July 2026
14th Sunday in Ordinary Time
Matthew 11:25 - 30
Reflection by Society of Jesus (S.J)
Posted by Sr. Maria Ni Ni, MSP
ရှင်မာတေဦး ၁၁:၂၅-၃၀ (စစ်မှန်တဲ့ ငြိမ်သက်ခြင်း)
ဒီကျမ်းချက်ထဲမှာဝန်လေးပြီးပင်ပန်းနေသူများအားလုံးကိုသခင်ယေဇူးဖိတ်ခေါ်နေပြီးနူးညံ့သိမ်မွေ့တဲ့အနားယူခြင်းကိုကတိပေးခဲ့ပါတယ်။ ထောက်ရှုစရာအချက်(၃) ချက်ကတော့…
ပထမအနေနဲ့ နှိမ့်ချခြင်း ပါရမီကို စိတ်နှလုံးသားကနေ ကျင့်ကြံနိုင်ပါတယ်။ ဘုရားသခင်က မိမိကိုယ်ကို ပညာရှိလို့ ထင်နေသူတွေထက် ကလေးလိုမျိုး နှိမ့်ချတတ်တဲ့ နှလုံးသား ရှိသူတွေကို မိမိရဲ့ အမှန်တရားကို ထုတ်ဖော် ပြသပေးပါတယ်။ မိမိကိုယ်ကို အထင်ကြီးစိတ်နဲ့ ကြွားဝါ၊ အော်ဟစ်ခြင်း စသဖြင့် မကောင်းတဲ့ အကျင့်ရှိရင် ချစ်ခြင်း၊ ယဉ်ကျေးသိမ့်မွေစွာ ပြောဆို ဆက်ဆံတတ်အောင် ကြိုးစား ကြပါစို့။
ဒုတိယ အနေနဲ့ သခင်ယေဇူးရဲ့ နူးညံ့တဲ့ ဖိတ်ခေါ်သံကို လူတိုင်း ကြားသိနိုင်ပါစေ။ သခင်ယေဇူးက ဝန်လေးပင်ပန်း နေသူ အားလုံးကို ကိုယ်တော့်ထံ လာကြဖို့ ဖိတ်ခေါ်နေပြီး ဝိညာဉ်ရေးရာအတွက် စစ်မှန်တဲ့ အနားယူခြင်းကို ပေးတော်မူတယ်။ အချိန်ပေး ဆုတောင်းရင်း သခင့်အသံကို နားထောင် သင်ယူကြပါစို့။
နောက်ဆုံး ဘုရားရှင်က ထမ်းပိုးအသစ်ကို ထမ်းကြဖို့ ဖိတ်ခေါ်ရင်း ကိုယ်တော့်ရဲ့ ထမ်းပိုးဟာ ထမ်းရလွယ်ပြီး ဝန်လည်း ပေါ့ပါးပါတယ်။ ဘဝမှာ ကိုယ်တော်နဲ့ အတူတူ လျှောက်လှမ်းနေသမျှ ပင်ပန်းခြင်း မဟုတ်ဘဲ ဝိညာဥ် အာဟာရည ခွန်အားတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝရဲ့ ဝန်လေးပင်ပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေကို သခင်ယေဇူးဆီပုံအပ်ကာ ဘုရားရှင်ရဲ့ ထမ်းပိုးသစ်နဲ့ စစ်မှန်တဲ့ စိတ်နှလုံး ငြိမ်သက်ခြင်းကို ခံစားနိုင်ကြပါစေ။