4 July 2026 Saturday
13th Week in Ordinary Time
Matthew 9: 14 - 17
Reflection by Society of Jesus (S.J)
Posted by Sr. Maria Ni Ni, MSP
(စိတ်နှလုံးသားသစ်)
ဒီကျမ်းချက်ထဲမှာ သခင်ယေဇူးက အစာရှောင်ခြင်းနဲ့ သားရေဗူး အသစ်ကို ခိုင်းနှိုင်းပြီး ပုံဥပမာပေး ဟောကြား ခဲ့ပါတယ်။ သခင်ယေဇူးဟာ ဘာသာရေး ထုံးတမ်းစဉ်လာ တွေထက် နှလုံးသား အသစ်နဲ့ နေထိုင် ကျင့်ကြံကြဖို့ အရေးကြီးကြောင်း သားရေဗူး အသစ် ပုံပမာနဲ့ သွန်သင် ခဲ့တာဖြစ်ပါတယ်။ အဓိက ထောက်ရှု သင့်တဲ့ အချက် (၃) ချက် ကတော့…
* စစ်မှန်တဲ့ ဝမ်းမြောက် ပျော်ရွှင်ကို သတိရ ရှင်သန်ကြဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ ယုံကြည် ကိုးကွယ်တဲ့ ဘုရားခင်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စာချွန်တော် ထဲကလို Christus Vivit:- "Christ is alive" ဖြစ်ပါတယ်။ မင်္ဂလာဆောင် သတို့သား (သခင်ယေဇူး) ရှိနေချိန်မှာ ဝမ်းနည်း ပူဆွေးကာ အစာရှောင် နေဖို့မလိုဘဲ ဘုရားသခင်နဲ့ အတူ ရှိနေခြင်းကြောင့် ဝမ်းမြောက် ရမယ့် အချိန် ဖြစ်ပါတယ်။
** ထုံးတမ်း အဟောင်းနဲ့ ကျေးဇူးတော် အသစ်က ဘာကို ဆိုလိုတာလဲ။ ပညတ်တရား စနစ်ဟောင်း (စပျစ်ရည် အဟောင်း) ကို သခင်ယေဇူးရဲ့ ကျေးဇူးတော် တရားအသစ် (စပျစ်ရည်သစ်) နဲ့ ရောနှောလို့ မရနိုင်ကြောင်း သခင်ယေဇူး မိန့်ကြား ခဲ့ပါတယ်။ အထူးသဖြင့် ဘယ်သူက ကျွန်ုပ်ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြစ်မှား ခဲ့သလဲ၊ ခွင့်လွှတ် ပေးရမလဲ၊ ရေတွက်တတ်တဲ့ အကျင့်ဟောင်းအစား ဘာမှ မရေတွက်ဘဲ ခွင့်လွှတ်ပေးတတ်အောင် ကြိုးစားပါ။
*** အသစ် ပြောင်းလဲဖို့ အဆင်သင့် ရှိနေပါသလား။ စပျစ်ရည် အသစ်ကို ဆံ့နိုင်ဖို့ သားရေဗူး အသစ် လိုအပ် သလိုပဲ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု အသစ် အတွက် ကျွန်ုပ်တို့မှာ လိုက်လျောညီထွေတဲ့ နှလုံးသား ရှိရပါမယ်။ ဒါကြောင့် ဒီနေ့ သခင်ယေဇူး ပေးတဲ့ ကျေးဇူးတော်နဲ့ အသစ်သော အသက်တာကို ခံယူဖို့ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားဗူးကို ဖွင့်လှစ် ပေးကြပါစို့။