Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-02 10:54:09
3 July 2026 Friday
13th Week in Ordinary Time
John 20:24 -29
Reflection by Society of Jesus (S.J)
Posted by Sr. Maria Ni Ni, MSP

 (ယုံကြည်ကိုးကိုယ်ခြင်း) 

သောမတ်စ်ဟာ အစပိုင်းမှာ သံသယတွေနဲ့ မေးခွန်းတွေ တပုံတပင်ကြီး မေးမြန်းခြင်းအားဖြင့် သူ့ရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မာအောင် ကြိုးစား ခဲ့ပါတယ်။ သေခြင်းကနေ ရှင်ပြန်ထမြောက်တဲ့ သခင်ယေဇူးဟာ သံသယဝင်နေတဲ့ သောမတ်စ်ဆီ ကြွလာပြီး နူးညံ့စွာ ဖိတ်ခေါ် ဖော်ပြ ခဲ့ပါတယ်။ သောမတ်စ်ဘဝကနေ ထောက်ရှု အတုယူသင့်တဲ့ အရေးကြီးတဲ့ အမှန်တရား (၃) ချက်ကတော့… 

* သခင်ယေဇူးဟာ သံသယဝင်နေတာကို လက်ခံ နားလည် ပေးခဲ့ပါတယ်။ သောမတ်စ်ရဲ့ မေးခွန်းတွေကို ပစ်ပယ် မချဘဲ ကိုယ်တော့်ရဲ့ ဒဏ်ရာတွေကို ကိုင်တွယ် စမ်းသပ်ခွင့်ပြုကာ သနားကရုဏာတရားနဲ့ တုံ့ပြန် ခဲ့ပါတယ်။ ကျွန်ုပ်တို့နဲ့ အမြင်မတူ သံသယဝင်နေသူတွေကို ကျွန်ုပ်တို့ ဘယ်လိုမျိုး ဆက်ဆံ နေကြသလဲ။ ကရုဏာတရားနဲ့လား။ အပြစ်တင်ခြင်းနဲ့ လား။ ဘယ်တစ်ခုက သခင်ယေဇူးရဲ့ လမ်းစဥ်လဲ။ 

* ယုံကြည်ခြင်းဟာ အမြင်အာရုံထက် ကျော်လွန်ပါတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းကို ချက်ချင်း မျက်စိ အာရုံနဲ့ မြင်ဖို့တစ်ခုထဲပဲ မဟုတ်ပါဘူး၊ နှလုံးသားနဲ့ ယုံကြည် ကိုးစားခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားနဲ့ ပိုမို ယုံကြည် လာနိုင်အောင် ဘာတွေ လုပ်သင့်သလဲ။ 

*သခင်ယေဇူးက သူ့ကို မမြင်ဘဲ ယုံကြည်သူဟာ မင်္ဂလာရှိကြောင်း မိန့်ကြား ခဲ့ပါတယ်။ သောမတ်စ် သခင်ယေဇူးကို မြင်ပြီးမှ ယုံကြည်တာကို ထောက်ပြပြီး ကိုယ်တော်က မမြင်ရဘဲ ယုံကြည်သော သူများသည် ပိုပြီး မင်္ဂလာရှိတယ်။ ကောင်းချီး ခံစားရတယ် လို့ မိန့်တော်မူ ခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့မှာ မယုံကြည်တဲ့ သံသယ ဝင်နေတာတွေ ရှိခဲ့ရင် သခင်ယေဇူးဆီ ယူဆောင် အပ်နှံလိုက်ပါ။ ကိုယ်တော်က ကျွန်ုပ်တို့ကို ယုံကြည်ခြင်း တိုးပွားစေပြီး "ကျွန်ုပ်၏အရှင်၊ ကျွန်ုပ်၏ဘုရား ပါတကာ" လို့ ဝန်ခံ စေမှာ ဖြစ်ပါတယ်။ 

 

++++ 

 

 

Daily Reflection