Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-01 09:26:18
2 July 2026 Thursday

13th Week in Ordinary Time

Matthew 9:1 -8

Reflection by Society of Jesus (S.J) 

Posted by Sr. Maria Ni Ni, MSP

 

ရှင်မာတေဦး ၉:၁-၈ (ကျန်းမာခြင်းကျေးဇူးတော်) 

သခင်ယေဇူးက လေဖြတ်သူအား ကျန်းမာစေခဲ့တဲ့အကြောင်း ဖတ်ရှုကြရပါတယ်။ မိတ်ဆွေ တချို့က လေဖြတ် နေသူ တစ်ဦးကို သခင်ယေဇူးဆီ ခေါ်ဆောင်လာ ခဲ့ကြတဲ့အခါ သခင်ယေဇူးကတော့ လေဖြတ်နေသူရဲ့ ရုပ်ခန္ဓာထက်  စိတ်နှလုံးကို အရင်ဆုံး ကုသပေး ခဲ့တယ်။ အဓိက ထောက်ရှု သင့်တဲ့ အချက် (၃)ချက်တွေကတော့… 

  * အဖွဲ့အစည်းရဲ့ ယုံကြည်ခြင်းက အရေးကြီးပါတယ်။ လေဖြတ်သူရဲ့ မိတ်ဆွေ/ အဖွဲ့အစည်းတွေရဲ့ ယုံကြည်ခြင်းက သူ့ကို သခင်ယေဇူးဆီ ပို့ဆောင် ပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာလည်း တခြားသူတွေကို သခင်ခရစ်တော်ဆီ အရောက် ပို့ဆောင် ပေးနိုင်ပါတယ်။ ယနေ့ ကျွန်ုပ်တို့ရဲ့ အပြောအဆို အပြုအမူအားဖြင့် ဘယ်သူ့ကို သခင်ယေဇူးဆီ ခေါ်ဆောင် သွားမလဲ။ 

* သခင်ယေဇူးဟာ ဝိညာဉ် ရေးရာကို ဦးစားပေးပြီး လေဖြတ်သူရဲ့ အပြစ်ကို ဦးစွာ လွှတ်ပေးခဲ့ပါတယ်။ ဘဝမှာ ဝိညာဉ် ရေးရာ ကျန်းမာခြင်းက အမြဲတမ်း ကျွန်ုပ်တို့ရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက် ဖြစ်တယ်။ ဒါကြောင့် ဝိညာဥ်ရေး တိုးတက် ကောင်းမွန်ပြီး ဖြေလွှတ်ခွင့် ရနိုင်အောင် ဘာတွေ လုပ်ဆောင်မလဲ။ 

* သခင်ယေဇူးမှာ ကုသဖို့ အခွင့်အာဏာ အပြည့်အဝ ရှိပါတယ်။ လေဖြတ် နေသူကိုသာမက လူတိုင်းကို ကျန်းမာအောင် ကုသပေးနိုင်တဲ့ အပြစ် လွှတ်ပိုင်ခွင့်ရှိတဲ့ ဘုရားသခင်က ကျွန်ုပ်တို့ အားလုံး ကျန်းမာတာကို အလိုရှိပါတယ်။ ဒါကြောင့် သခင်ယေဇူးကို ယုံကြည် အားကိုးပြီး ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ဝိညာဥ်ကိုပါ ကျန်းမာအောင် ကြိုးစား နေထိုင် ကျင့်ကြံကြပါစို့။

Daily Reflection