1 July 2026 Wednesday
13th Week in Ordinary Time
Mattew 8;28 - 34
Reflection by Socity of Jesus (S.J)
Posted by Sr. Maria Ni Ni, MSP
လွတ်မြောက်ခြင်းရဲ့တန်ဖိုး
ဤ ဒီကျမ်းထဲမှာ သခင်ယေဇူးက ဂါဒရပြည်မှာ နတ်ဆိုး စွဲသူနှစ်ဦးကို ကုသပေးပြီး ပြန်လည်ကျန်းမာစေခြင်း အားဖြင့် ဘုရားသခင်ရဲ့ တန်ခိုးအာဏာတော်ကို ပြသခဲ့ပါတယ်။ ဒါကြောင့် နတ်ဆိုးကိုယ်တိုင် သခင်ယေဇူးဟာ ဘုရားရှင်ရဲ့ သားတော် ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီနေ့ ဒီလိုအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ခရီးလမ်း အတွက် အရေးကြီးတဲ့ အမှန်တရား (၃) ချက်ကို ထောက်ရှု စေပါတယ်။
၁။ သခင်ယေဇူး ဘုရာရှင်ဟာ ကြောက်ရွံ့- ရှုပ်ထွေးမှုတွေကနေ ဖြေလွှတ် ပေးနိုင်ပါတယ်။ နတ်ဆိုးစွဲသူ နှစ်ဦးဟာ အရမ်းကြောက်ဖို့ ကောင်းတာကြောင့် ဘယ်သူမှ အဲဒီလမ်းကို
မဖြတ်ရဲကြဘူး။ ဒါပေမဲ့ သခင်ယေဇူး အဲဒီနေရာကို ရောက်သွားတာနဲ့ အဲဒီကြောက်ဖို့ကောင်းတဲ့ အမှောင်မိုက်ကနေ ထွက်လာပြီး ဘုရားရှင်ကို တောင်းပန်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဘဝမှာ ကြုံတွေ့ ခံစား နေရတဲ့ ကြောက်ရွံ့- ထိတ်လန့်- ရှုပ်ထွေးမှုနဲ့ သောကတွေ အားလုံးကို သခင်ယေဇူးဆီမှာ အပ်နှံ ပူဇော် လိုက်ပါ။
၂။ ဘုရားရှင်ရဲ့ ကုသ ကယ်လွှတ်ခြင်းက နဂိုမူလဘဝအဟောင်းကနေ ထွက်ခွါလာစေပါတယ်။ သခင်ယေဇူး နတ်ဆိုးတွေကို ဝက်အုပ်ထဲကို နှင်ထုတ်လိုက်တာကြောင့် ဝက်အုပ် တစ်ခုလုံး ကမ်းပါးကနေ ပင်လယ်ထဲ ထိုးဝင်ပျက်စီး သွားကြတယ်။ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ လွတ်မြောက်မှုက ရင်းနှီးပေးဆပ်ရပြီး ကျွန်ုပ်တို့ရဲ့ နေ့စဥ်သာမန် နေသားတကျ- သက်တောင့်သက်သာ ရှိခြင်းကနေ ထွက်ခွါ ပြောင်းလဲကာ ကျန်းမာ လာစေပါတယ်။
၃။ ဘုရားသခင်က မိမိရဲ့ အဆင်ပြေမှုကို ပိုမိုဦးစားပေးခြင်းက ကယ်တင်ခြင်းကို ဆုံးရှုံးမယ့် အန္တရာယ် ရှိနေပါတယ်။ တန်ခိုးလဏ္ခာကို မြင်ရတဲ့ မြို့သူမြို့သားတွေဟာ ကြောက်ရွံ့စိတ်နဲ့ ဝက်အုပ်တွေ ဆုံးရှုံး ရတာကိုပဲကြည့်ပြီး သခင်ယေဇူးကို မိမိတို့နေရာကနေ ထွက်ခွာသွားဖို့ တောင်းပန် ခဲ့ကြတယ်။ သူတို့ဟာ ကယ်တင်ရှင်ရဲ့ တန်ခိုးတော်ကို လက်ခံမမယ့် အစား အရင်တုန်းက ကြုံတွေ့နေရကျဖြစ်တဲ့ နတ်ဆိုးတွေရဲ့ ခြောက်လှန့်မှု ဘေးအန္တရာယ် အခြေအနေမှာပဲ ဆက်လက် နေထိုင်ဖို့ ရွေးချယ် ခဲ့ကြပါတယ်။ ဒါကြောင့် ယနေ့ သခင်ယဇူးရဲ့ ပြောင်းလဲစေတဲ့ ကျေးဇူးတော်ကို ဝမ်းမြောက်စွာ ကြိုဆိုပြီး၊ မိမိတို့ရဲ့ အချုပ်အနှောင် အဟောင်းတွေမှာ သာယာမနေဘဲ ကိုယ်တော်ပေးတဲ့ လွတ်မြောက်ခြင်းကို ရွေးချယ် ကြပါစို့။ အထူးသဖြင့် သခင်ယေဇူးကို ကျွန်ုပ်တို့ရဲ့ ဘဝကနေ ထွက်ခွာသွားဖို့ မတောင်းပန်ဘဲ၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ဘဝထဲ ပိုမိုနီးကပ်စွာ ဖိတ်ခေါ် ကြိုဆို ကြပါစို့။