Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-06-29 04:44:36
30 June 2026 Tuesday

13th Week in Ordinary Time

Matthew 8: 23 - 27

Reflection by Little Way Sisters of St. Theresa (LWST)

Posted by Sr. Maria Ni Ni, MSP

 “လေမုန်တိုင်းကို ငြိမ်သက်စေတော်မူခြင်း”

မုန်တိုင်းပြင်းထန်စွာ ကျရောက်လာတဲ့အချိန်မှာ ကိုယ်တော်ကတော့ ကျိန်းစက် နေပေမယ့် တပည့်တော်တွေကတော့ စိုးရိမ်ပူပန်စွာနဲ့ နေကြတယ်။ ကိုယ်တော့်ဆီမှာ သွားရောက်ပြီး အသနားတော်ကို ခံကြပါတယ်။ ကိုယ်တော်ကတော့ ယုံကြည်ခြင်းအား နည်းတဲ့သူတွေ လို့ ပြန်ပြောလိုက်တယ်။ ကျွန်ုပ်တို့လူသားတွေဟာ မိမိတို့လုပ်နိုင်၊ ကိုင်နိုင်တဲ့အရာတွေအတွက် စိုးရိမ်မှုမရှိကြဘူး။ မိမိတို့မလုပ်နိုင်တဲ့အရာတွေ အတွက် ပဲ ပိုမိုပြီး စိုးရိမ်တတ်ကြတယ်။ ဒါကြောင့် ဒီကနေ့ကျမ်းပိုဒ်က ကျွန်ုပ်တို့တစ်ဉီးစီကို အရာရာ၌ ဘုရားကိုအားကိုးတတ်ရန်သွန်သင်ပေးနေပါတယ်။ သခင်ခရစ်တော်ကဒီကနေ့ကျမ်းပိုဒ်ကနေသွန်သင်ပေးနေပေမယ့် ကျွန်ုပ်တို့လူသားတွေဟာ အရာအရာကို အကုန်တတ်ကျွမ်းသလို ပြုမှုနေကြတာကို တွေ့နေရတာဟာ အလွန်ဝမ်းနည်းစရာ အချက်တွေပဲ ဖြစ်တယ်။ ဒါကြောင့် လူသားတွေဟာ ဘုရားရဲ့အကူအညီမပါဘူးဆိုရင်ဘယ်အရာမှ မဖြစ်နိုင်ကြောင်းကို သတိထားဆင်ခြင်သိရှိနိုင်ဖို့နှင့် ဘုရားကို ပိုမိုအားကိုးလာနိုင်အောင် ဆုတောင်းကြပါစို့။  

Daily Reflection