29 June 2026 Monday
13th Week in Ordinary Time
Matthew 16: 13 - 19
Reflection by Little Way Sisters of St. Paul
Posted by Sr. Maria Ni Ni, MSP
လူသားတွေက ကယ်တင်ခြင်းခံရဖို့ဆိုရင် သခင်ခရစ်တော်ကို ကယ်တင်ရှင် သခင်အဖြစ် အကြွင်းမဲ့ ယုံကြည်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တချို့သောခရစ်ယာန်တွေ က သခင်ယေဇူးကို ဘုရားသခင်ရဲ့ တစ်ပါးတည်းသော သားတော်ဘုရားအဖြစ်၊ ကယ် တင်ရှင်အဖြစ် ကိုးကွယ်ရမည့်အစား ပိုက်ဆံနဲ့နတ်ဆိုးကိုဘဲ မိမိဘဝရဲ့ ဘုရားအဖြစ်၊ ကယ်တင်ရှင်အဖြစ် ကိုးကွယ်နေကြတယ်။ ကျမ်းစာထဲမှာ သခင်ယေဇူးရဲ့ စစ်မှန်တဲ့ ဘုရားအဖြစ်တော်ကို ပြည့်ဝစုံလင်စွာနဲ့ အဓိပ္ပါယ်ရှိရှိ 100% ဝန်ခံတဲ့သူ သုံးယောက်ရှိပါ တယ်။ သူတို့ကတော့ ဒီနေ့ကျမ်းစာထဲက ရှင်ပေတရူးရယ် သင်္ချိုင်းဂူတွေကြားထဲက နတ်ဆိုးပူးခြင်းခံရတဲ့သူရယ် သခင်ယေဇူးရဲ့ နံဘေးတော်ကို လှံနဲ့ထိုးဖောက်ခဲ့တဲ့ ရောမ စစ်သားတို့ပဲဖြစ်ပါတယ်။ အဲဒီသုံးဦးလုံးက အပြစ်ရှိတဲ့သူတွေဖြစ်ခဲ့ကြပေမယ့် ကယ်တင်ရှင်ခရစ်တော်နှင့်ထိတွေ့ပြီးနောက်ပိုင်းမှာ အကျင့်တရားတွေ ပြောင်းလဲသွား ခဲ့ကြတယ်။ အပြစ်ထဲမှာ ကျင်လည်နေတတ်တဲ့၊ ပျော်ရွှင်နေတတ်တဲ့ ကျွန်ုပ်တို့တွေဟာ လည်း ဘုရားသခင်ရဲ့ တစ်ပါးတည်းသော သားတော်ခရစ်တော်နဲ့ တွေ့ဆုံပြီး ကိုယ်ကျင့် တရားပြောင်းလဲသွားအောင် ကြိုးစားသွားကြရအောင်။